Chapter 42(Unicode+Zawgyi)

20 6 0
                                    

စေ့စပ်ပွဲကျင်းပဖို့ ခင်ကျင်းထားသော stage ပေါ်တွင် နှစ်ဖက်မိဘ ဆွေမျိုးများနဲ့ မိုးမခရော နှင်းရောက ထိုင်နေကြသည်။

မိုးမခက နှင်းကိုကြည့်ပြီး နှင်းရဲ့ လက်ကို ငြင်သာစွာကိုင်ကာ

'နှင်း...နှင်းဒီနေ့တစ်ခုခုဖြစ်နေသလိုဘဲ...ကိုယ့်ကိုပြောလေ...တစ်ခုခု အဆင်မပြေစရာရှိလို့လား...'

'မဟုတ်ပါဘူး ကိုယ်...နှင်း အဆင်ပြေပါတယ်...'

'နှင်းရယ် ...နှင်းအဆင်ပြေတယ်သာပြောနေတာ..ရောက်ကတည်းက ဝင်ပေါက်ကိုဘဲကြည့်နေပြီး ငိုင်နေတာ..ကိုယ်သိသား...'

'နှင်း...နှင်း ကြောက်တယ် ကိုယ်ရယ်...'

'ဒီလိုပါဘဲ..ဒီလို အချိန်ကျရင် လူတိုင်း စိတ်လှုပ်ရှားကြတာပါဘဲ...မကြောက်နဲ့နော်..ကိုယ် နှင်းဘေးမှာရှိနေမှာမို့...'

'..'

'စိတ်လျှော့ထားနော်....မကြာခင် ပွဲပြီးတော့မှာ နှင်းရဲ့...'

ကိုယ်ရယ်...နှင်းကိုယ့်ကို ဘယ်လိုပြောပြရမလဲ ...နှင်း အမှန်အတိုင်းပြောရရင် daddy ကိုလည်း မမေးရဲဘူး...ကိုခွန်းထက်ကလည်း ဒီနေ့ ရန်ကုန်ကို ပြန်လာမယ်တဲ့...သူဘာတွေလုပ်မလဲဆိုတာ နှင်းလည်း မသိဘူး..စေ့စပ်ပွဲဘဲ မြန်မြန်ပြီးချင်တယ်ကိုယ်ရယ်...

နှင်းနဲ့ မိုးမခ စေ့စပ်လက်မှတ်ရေးထိုးပြီး လက်စွပ်လဲဝတ်ကာ ဧည့်သည်များကို လိုက်ဧည့်ခံနေတော့သည်။

နောက်ဆုံး ပွဲပြီးသွားလို့ ဧည့်သည်တွေ ပြန်သွားတော့ ခန်းမထဲမှာ နှင်းအပါအဝင် ကြီးကြီးနဲ့ လေးလေးညွန့်ရယ် ဦးသက်ဆွေရယ် ဒေါ်စောလှရယ် မိုးမခ၊မိုးနှောင်းနဲ့ ထားသာ ကျန်ခဲ့တော့သည်။

မိုးမခက နှင်းကို ခုံတစ်ခုမှာထိုင်ခိုင်းပြီး

'နှင်း...အစစအရာရာ အဆင်ပြေပြေပြီးသွားပြီဘဲ....ဘာလို့ မှိုင် နေရတာလဲ...ပြီးတော့ မနက်က ဖုန်းထဲမှာ ကိုယ့်ကို ပြောစရာရှိတယ်ဆို...အဲ့တာကရော ဘာပြောမလို့လဲဟင်..ကိုယ်နားထောင်ပေးမယ်လေ....'

'ကိုယ်....နှင်း..ကိုယ့်ကို ပြောပြချင်ပါတယ်..ဒါပေမယ့် ကိုယ် အထင်လွဲသွားမှာလဲ ကြောက်တယ်...နှင်း အဲ့ ကိစ္စကို သေချာ စုံစမ်းပြီး သေချာတော့ မှ ကိုယ့်ကို ပြောပြချင်တာ...နှင်းကို မမုန်းလိုက်ပါနဲ့နော်ကိုယ်...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now