စူးရှရဲ့ ကားလေးက မိုးမခတို့ အိမ်ဘက်ကို မောင်းနှင်လာနေတော့သည်။
'အင်း..ညီလေးတော့ ဝမ်းသာတော့မှာဘဲ..ညီမလေး သတင်းကိုရလာတာကို ပြန်ပြောပြရမယ်..'
ကားလည်း အိမ်ရှေ့ရောက်တော့ စူးရှလည်း ခြံပေါက်ဝကပင်
'တီ..တီ...'ဟူ၍ကားဟွန်းတီးလိုက်တော့ ခဏအကြာ ဦးလေးညွန့်ရောက်လာကာ
'အော်..doctor လေးပါလား..လာလေ..ဝင်ပါ..'
'ဟုတ်..ကျေးဇူးပါ လေးလေး..'
စူးရှလည်းကားကို နေရာတကျရပ်ရင်း အိမ်ထဲကိုရပြေးဝင်လာတော့ ဧည့်ခန်းထဲမှာ ထားနဲ့ မိုးနှောင်းနဲ့ကို တွေ့လိုက်ရသည်။သူတို့နှစ်ယောက်က စူးရှကိုမြင်တော့
'အော်..မောင်...doctor ရောက်နေတယ်..'
'ဟာ..အစ်ကိုစူးရှ..ရေးကြီးသုပ်ပြာနဲ့..'
'အင်း..ဟူး..မိုးမခလေးရော...'
'ရှိပါ့..အပေါ်ထပ်သူ့အခန်းထဲမှာ စာထိုင်ရေးနေတယ်လေ...'
'အော်..အင်း..ဒါနဲ့ အန်တီ့ကိုလည်း မတွေ့မိဘူးနော်..'
'ဟုတ်..မေမေက ဖေဖေ
ရဲ့ မြေပုံစီကိုသွားတယ်..''အော်..ဒါနဲ့ အစ်ကို နှင်းရဲ့ နေရာကို အတိအကျသိရပြီ...'
ထားကတော့..ပျော်ရွှင်စွာဖြင့်...
'တ..တကယ်...သူ..သူ..ဘာမှ မဖြစ်ဘူးမလားဟင်...သူအခုဘယ်မှာလဲဟင်...ဟိုလူရော..'
'ထားရယ်...စိတ်လျှော့လေ..အစ်ကိုက ဖြည်းဖြည်းချင်းပြောမှာပေါ့..'
'ဟုတ်..ထား..ထားစိတ်လောသွားလို့ပါ..'
'ဟုတ်ပါပြီ...ဒါနဲ့ အစ်ကိုက ဒါကို မိုးမခကို ပြောဖို့လာတာထင်တယ်..တက်သွားလေ အစ်ကိုရဲ့..ကျွန်တော်တို့ အစ်ကို့အတွက် မုန့်လေး ယူလာပြီးတက်ခဲ့မယ်..'
'မလိုပါဘူး..ညီရယ်..အစ်ကို က တခြားလူမှမဟုတ်တာ..'
'မဟုတ်တာ..အစ်ကိုစူးရှ..တက်သွားနှင့်နော်..ကျွန်တော်တို့နောက်မှ တက်လာခဲ့မယ်..'
စူးရှလည်း ဘယ်လိုပြောပြော ငြင်းအရတော့တဲ့ အဆုံး သဘောတူလိုက်ကာ
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...