Chapter 3+4

167 11 0
                                    

လွန်ခဲ့သော ၁၃ နှစ်ခန့်က...
မိုးရာသီလည်းဖြစ်ကာပတ်ဝန်းကျင်တစ်ခုလုံးလည်းအေးစက်မှု၊တိတ်ဆိတ်မှုတို့အစဉ်လွှမ်းမိုးနေသောနံနက်ခင်းလေးတစ်ခု...

မိုးနှောင်း၊မိုးမခတို့ညီအစ်ကိုနှစ်ယောက်စလုံးထိုနေ့လေးကိုစောင့်နေခဲ့သည်မှာတော်တော်ကြာခဲ့ပြီ

နောက်ဆုံးတော့ထိုနေ့ရက်ကလေးက သူတို့နှစ်ဦးထံသို့ရောက်ရှိလာလေပြီဖြစ်သည်။

မနက်စောစော မိုးမခတို့အိမ်လေးသည် ယခင်နေ့ရက်များနှင့်ပင်မတူ တမူထူးကာကွဲပြားလျက်ရှိသည်။

ဒေါ်စောလှမှာ မီးဖိုချောင်ထဲတွင် မိသားစုအတွက် Breakfast လုပ်ရင်းအလုပ်ရှုပ်နေလေသည်။

'သားငယ်လေး၊သားကြီး၊ကို...အားလုံးအောက်ထပ်ကိုဆင်းလာခဲ့တော့နော်..coffee တွေနဲ့ မုန့်တွေအေးကုန်လိမ့်မယ်...'

ထိုစဉ်အပေါ်ထပ်မှကိုယ်စီကိုယ်စီအလုပ်ရှုပ်နေသော သားအဖသုံးဦးစီမှ သံပြိုင်ဖြင့်

'လာနေပါပြီခင်ဗျ...'

နောက်ဆုံးတော့ထမင်းစားပွဲဝိုင်းလေးသည် ချစ်စဖွယ် မိသားစုထမင်းစားပွဲဝိုင်းလေးအသွင်ဆောင်လျက်ပြည့်စုံမှုတို့နှင့် ဆင်ယင်လျက်။ထမင်းစားပွဲဝိုင်းတွင်မိသားစုစုံစုံလင်လင် စားသောက်နေရင်းဒေါ်စောလှမှ

'သားကြီး...သားငယ်လေးကို ဂရုစိုက်နော်..မျက်စိအောက်ကလည်းညီလေးကိုမပျောက်စေနဲ့နော်...ကြားလား...မေမေလေ အမှန်အတိုင်းပြောရရင် မေမေ့သားနှစ်ယောက်လုံးကို မေမေဘဲစာသင်ပေးချင်တာ...'

သက်ပြင်းရှည်ချရင်းသားကြီးကိုမှာတမ်းခြွေနေသောဇနီးဖြစ်သူအားကြည့်ကာ ဦးအဂ္ဂမှာနှုတ်ဆိတ်၍နေလို့မရတော့သည့်အတွက်

'အစောရယ်..မင်းစိတ်အပူလွန်နေတာပါ..သားနှစ်ယောက်လုံးကို ကိုကိုယ်တိုင်စိတ်ချရတဲ့ မူကြိုမှာသေချာစုံစမ်းပြီးမှ ပို့ဖို့ဆုံးဖြတ်ခဲ့တာပါ..ပြီးတော့စာဘဲသွားသင်မှာလေ..ဘယ်မှသွားမှာမှမဟုတ်တာ..ပြီးရင် ကလေးတွေကအိမ်ပြန်လာမှာဘဲကို..ကဲ..ဒီတော့စိတ်ချ ဟုတ်ပြီလား..ကို ကလေးတွေကျောင်းထဲထိရောက်အောင်သေချာစောင့်ပို့ပြီးမှ ကိုရုံးကိုသွားမယ်..ဟုတ်ပြီလားအစော'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now