နှင်းတစ်ယောက် မိုးမခအိမ်ရှေ့ရောက်သွားတော့ အချိန်က မနက် ၉နာရီလောက်ရှိပြီ...နှင်းလည်း ကမန်းကတန်း taxi ကားပေါ်ကနေပြေးဆင်းလာကာ မိုးမခတို့ရဲ့ လူခေါ် bell ကို တီးလိုက်တော့ အတန်ကြာတဲ့အထိ ထွက်မလာဘဲ နောက်ဆုံး ၅ မိနစ်လောက်ကြာတော့မှ မိုးနှောင်းက ထွက်လာကာ နှင်းကိုမြင်တော့ အံ့ဩစွာဖြင့်
'ဟယ်..ခယ်မလေး..နင်ဘာလာလုပ်တာလဲ..လက်ထဲမှာလဲ ချိုင့်တွေနဲ့..'
'ကိုမိုးနှောင်း..ယူကလည်း တံခါးလာဖွင့်တာကြာလိုက်တာ..'
'Sorry ကွာ..ငါ အိပ်ပျော်သွားတော့ မသိလိုက်ဘူး..'
'အင်း..ရပါတယ်...'
'ဝင်လေ..ခယ်မလေး...'
'ယူကလည်း..အရင်အတိုင်း နှင်းလို့ဘဲ ခေါ်ပါလား..ကြားရတာ နားထဲမှာ ကိုးလိုးကန့်လန့်နဲ့...'
'အာ...ခယ်မလေးကလည်း...တခြားသူတွေမှ မဟုတ်တာ..နောက်လည်း အဲ့လိုဘဲ ခေါ်မှာဆိုတော့ အခုတည်းက ကြားနေကြဖြစ်အောင် အကျင့်လုပ်ပေးတာလို့ဘဲထားပါတော့...'
'ထားပါ..ဒါနဲ့..ကိုယ်ရော..သက်သာလား..သတိရောရပြီလားဟင်...'
'အယ်...သတိတော့ အခုထိ မရသေးဘူး...ဒါနဲ့ ခယ်မလေးက ဘယ်လိုသိ..'
'ညက ကိုစူးရှပြောပြတာ..ကိုယ်မူးလဲလို့ဆိုပြီး..'
'ဒါဘဲလား..'
'အင်း...ဘာဖြစ်လို့လဲ..'
'အော်...ညီညီဖြစ်ရတာ အားလုံး ငါတို့ကြောင့်ပါ..'
'ဟင်..ဘာဖြစ်လို့ အဲ့လိုပြောရတာလဲ...'
နှင်းကို မိုးနှောင်းလည်း ညက ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ရှင်းပြလိုက်တော့သည်။ထိုအခါ နှင်းက
'ယူတို့ တွေလည်း မှားပေမယ့် တဖက်ကနေယူတို့ကိုကြည့်ပြန်တော့လည်း ကိုယ့်ကို ချစ်တဲ့စိတ်ကြောင့် အခုလို လုပ်ခဲ့တာဆိုတော့ အပြစ်ပြောလို့လဲမရဘူးလေ...'
'ဟူး..ငါတော့ ရူးချင်တာဘဲဟာ...'
'အခုတော့ မရူးပါနဲ့ဦး..ရော့ ဒီမှာ...'
'အယ်...ဒီချိုင့် နှစ်ဆင့်က ...'
'ယူနဲ့ အန်တီ နဲ့ တစ်ယောက် တစ်ချိုင့်စီ..'
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...