Chapter 15(Unicode+Zawgyi)

53 7 0
                                    

နောင်နောင် ကတော့ ရန်လေးစီမှ ပြန်လာကတည်းက မိမိရဲ့အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်တော့လည်း မိမိရဲ့ အခန်းလေးထဲကိုဝင်သွားကာ ပြန်ထွက်မလာတော့။ရန်လေးကြောင့် လွန်စွာမှ အသဲကွဲနေလျက်။

ထိုအသဲကွဲနေတဲ့ ဒဏ်ရာကို ကုစားဖို့အတွက် နောင်နောင်တစ်ယောက် အခန်းထဲတွင် ထွေရာလေးပါးစဉ်းစားကာ အရက်တွေ၊ဘီယာတွေ သောက်တော့တာပေါ့။

ရန်လေးရဲ့ အဆောင်မှပြန်လာကတည်းက နောင်နောင်တစ်ယောက် အခန်းအောင်းနေသည်မှာ အခုဆိုရင် ငါးရက်လောက်တောင်ရှိတော့မယ်။
ကျောင်းလည်းမသွားတော့ဘဲ တငူငူတငိုင်ငိုင်နဲ့ပေါ့။

နောင်နောင့်ရဲ့ ယခုဖြစ်နေသော အခြေအနေကိုကြည့်ပြီးတော့လည်း မိဘတွေမှာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိဖြစ်နေချိန်ပေါ့။ ရှေ့တိုးလို့လည်းမရ နောက်ဆုတ်လို့လည်းမရတာကြောင့် မိဘတွေဘက်က တထစ်လျှော့ဖို့ အခြေအနေက အကြောင်းဖန်လာပြန်သည်။

'တီ..တီ..တီ...'

'ဟဲလို....ဘယ်သူပါလဲခင်ဗျ...'

'သား ဆက်ခွန်းစလား....??'

'ဟုတ်ကဲ့...'

'အန်တီက နောင်နောင့်ရဲ့ အမေပါ...'

'အော်..အန်တီ...ဘာဖြစ်လို့လဲ..'

'ဟိုဟာလေ..အန်တီ့ကို တစ်ခုလောက်ကူညီပေးလို့ရမလား..'

'ဟုတ်..ရပါတယ်...ကျွန်တော်ဘာကူညီပေးရမလဲ..'

'သားသိသလောက် ရန်လေးဆိုတဲ့ ကောင်လေးအကြောင်း အန်တီ့ကို ပြောပြပေးပါလား...'

'အော်..အန်တီရယ်..ရန်လေးအကြောင်းလား...ရပါတယ်..သားပြောပြပေးပါ့မယ်...'

ဆက်ခွန်းစလည်းရန်လေးရဲ့ ငယ်ငယ်က အကြောင်းတွေ၊ပြီးတော့ ဆင်းရဲပေမယ့်လည်း ပညာသင်ဆုရအောင်ယူပြီး တဖက်ကလည်း ကျောင်းတက်ရင်း မိဘနှစ်ပါးကို ထောက်ပံ့ပေးနေတာတွေ၊ရန်လေးရဲ့ စိတ်သဘောထားလေးတွေ ကို သူသိသမျှပြောပြတော့သည်။

'အော်....'

'အန်တီ..ဘာဖြစ်လို့ ရန်လေးအကြောင်းကိုသိချင်ရတာလဲ...ပြီးတော့ သားအရင်ရက်က သု့ဖုန်းခေါ်တာမကိုင်ဘူး...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now