Chapter 7

85 6 0
                                    

နှင်းကမိတဆိုးလေးတစ်ယောက်ဖြစ်လို့ ငယ်ငယ်တည်းက Daddy အမြဲအလိုလိုက်ခဲ့သည်။
Mommy က နှင်း၅နှစ်သမီးလောက်မှာ ဆုံးပါးသွားခဲ့တာ...အရင် အချိန်တုန်းကMommy ရယ် Daddy ရယ်နဲ့ နှင်းဘဝဟာအရမ်းကိုသာယာခဲ့တာ...ဒါပေမဲ့ Mommy ဆုံးပြီး၁နှစ်လောက်ကြာတော့ နှင်းတို့အိမ်ကို ဒေါ်နန်းကလျာလို့ခေါ်သောသူနဲ့အတူ နှင်းနဲ့ရွယ်တူလောက်ရှိသောကောင်လေးတစ်ယောက်ကို Daddy ကခေါ်လာခဲ့တယ်။ ပထမတော့ နှင်းအရမ်းပျော်ခဲ့တာ..ကလေးမို့လို့လားမသိ..ဒီလိုအိမ်ကြီးထဲမှာအမြဲလိုလိုတစ်ယောက်တည်းကစားနေရတော့အရမ်းပျင်းတာဘဲ..Daddy ကနှင်းအတွက်အဖော်ခေါ်လာတယ်ဆိုပြီးပျော်ခဲ့ရတာ...
တဖြည်းဖြည်းနဲ့ အပျော်က အပျက်ဖြစ်မယ်လို့ ဘယ်သူကထင်မိမှာလဲ...
Daddy ကပြောတယ် အခုလက်ရှိမှာ ဒေါ်နန်းကလျာက နှင်းရဲ့ Mommy တဲ့..နှင်းဘယ်လိုမှလက်မခံနိုင်ခဲ့ဘူး..နှင်းMommy က ဒီလောကမှာမရှိတော့ဘူးဆိုတာသိပေမယ့် နှင်းရဲ့နှလုံးသားထဲမှာတော့ရှိသေးတယ်လေ...

'Daddy ...ဒီ အန်တီကမီးမီးရဲ့Mommy မှ မဟုတ်တာ ...'

'ဒါပေမယ့်..ဒီအန်တီကမီးမီးရဲ့Mommy အသစ်ဘဲလေ'

'ဟင့်အင်း...လက်မခံနိုင်ပါဘူး..'

'ကိုကြီးရယ် ...ရပါတယ်..နန်းနားလည်ပါတယ်..သမီးလေးကနောက်ကျရင် နန်းနဲ့အဆင်ပြေလာမှာပါ..အခုကစိမ်းနေသေးလို့ပါ...'

ဒေါ်နန်းကလျာကနှင်းဆံပင်ကိုခပ်ဖွဖွ ပုတ်ကာပြောလေသည်။

'ဟင့်အင်း...ဟင့်အင်း...မီးမီးMommyနေရာကို ဘယ်သူမှ မပေးရဘူးနော် Daddy..'

'ဒါပေမဲ့..မီးမီးပြောတယ်လေ ..အိမ်မှာ နေရတာအရမ်းပျင်းတယ်ဆို..ဒါကြောင့်Daddy ကမီမီးအတွက် ကိုကို တစ်ယောက်ခေါ်လာပေးတာလေ...ကိုကိုရယ်၊Mommy ရယ်၊မီးမီးရယ်က Daddy အပြင်သွားရင် တူတူ ဆော့လို့ရတာပေါ့'

'မရဘူး...ဟီး..မီးမီးMommy ဘဲ လိုချင်တယ်...မီးမီး Mommy ကိုပြန်ခေါ်ပေး'

'နှင်း...အဲဒီလို မဆိုးရဘူးသမီး Daddy မကြိုက်ဘူးနော်'

'မီးမီးMommy အသစ်မလိုချင်ဘူး...ကိုကိုလည်းမလိုချင်ဘူး...ဒီအန်တီကို Daddyခေါ်မထားရဘူး..ဟီး...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now