Chapter 56(Unicode+Zawgyi)

29 5 0
                                    

'ကျွီ......'

အခန်းတံခါးဖွင့်သံ နှင့်အတူ လူတစ်ယောက် ဝင်လာလေသည်။

အခန်းတစ်ခုလုံးဟာ မှောင်မဲလျက်..မီးရှိသော်လည်း မီးထွန်းထားပုံ မပေါ်တာကြောင့် ထိုလူဟာ အခန်းထဲသို့ ရောက်လျှင်ရောက်လျင်း မီးဖွင့်ဖို့ကြိုးစားလိုက်သည်။

'ဟူး...'

သက်ပြင်းခပ်ဖွဖွချလျက် ပြတင်းပေါက်နားမှာ အပြင်လောကကို ငေးကြည့်နေသော လူစီသို့ ခြေလှမ်းများကို ဦးတည်လိုက်တော့သည်။အနားရောက်တော့မှ

'ကလေး...'

တဖက်လူကပြန်မဖြေ..အပြင်ကိုသာ ငေးမြဲ ငေးဆဲပင်...

ခွန်းထက်လည်း နှင်းရဲ့ ကျောပေးရပ်နေသောရပုခုံးလေး နှစ်ခုမှနေ၍ သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။

'ကလေး...ကိုယ်မေးနေတယ်လေ....'

'ကစားလို့ဝပြီလား..ဟင်..ကိုခွန်းထက်...ဖယ်ပါ...နှင်းကို ယူလာမထိပါနဲ့...နှင့်ကိုယ့်ဘာသာဘဲ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေပါရစေ...'

'သဘောပါ ကလေးရယ်..ဒါပေမယ့် အခုလို ကြီး အခန်းပိတ်ပြီး နေနေတာကတော့....အခန်းထဲကနေထွက်ပြီး အိမ်ထဲမှာ ကလေးစိတ်ကြိုက် လွတ်လွတ်လပ်လပ်နေနိုင်တာဘဲကို..ကိုယ်ကလေးကို လွတ်လပ်စွာသွားလာခွင့် ပေးထားတာဘဲကွယ်...'ဟုဆိုပြီး ခွန်းထက် အခန်းထဲက ထွက်သွားဖို့အလုပ် နှင်းက

'လွတ်လပ်ခွင့်...ဟုတ်လား???ကိုခွန်းထက်...နှင်းကို လှောင်အိမ်ထဲက ငှက်တစ်ကောင်လို ပိတ်ထားပြီးတော့ လှောင်အိမ်ထဲမှာဘဲ ပျံသန်းပြီး လွတ်လပ်စွာနေပါလို့ ပြောနေတာကတော့ သိပ်မဟုတ်သေးဘူးနော်...'

နှင်းရဲ့ ပြောစကားကြောင့် ခွန်းထက်လည်း နောက်ပြန်လှည့်လာကာ နှင်းနဲ့ မျက်နှာချင်းဆိုင်လောက်တွင် ရပ်လိုက်ပြီး

'ကလေးရယ်..ကိုယ်က ကလေးကို ချစ်လို့..ချစ်လို့ပါ..ကိုယ် ကလေးကို ...'

'သွားပါတော့...နှင်းကို ဘာမှ ဆက်မပြောပါနဲ့တော့....'

'ထားပါ...ကိုယ်သွားတော့မယ် ကလေး..'

'.....'

'အော်..ဒါနဲ့...အိမ်အကူအဒေါ်ကြီးကပြောနေတယ် ကလေး ထမင်းကောင်းကောင်းမစားဘူးဆို...ထမင်းတော့ ကောင်းကောင်းစားပါကွာ..ကလေးသာတစ်ခုခုဖြစ်ရင် ကိုယ် သေရလိမ့်မယ်...နော်....မနက်ဖြန်ဆိုရင် ကိုယ်တို့ မင်္ဂလာပွဲလဲရှိသေးတယ်နော်..ဒီနေ့ညတော့ ကောင်းကောင်းအိပ်..မနက်ဖြန်ကြရင် ကလေးမျက်နှာလေး ပြည့်ပြည့်လေးနဲ့ လှနေအောင်လို့...ကဲပါ..ကလေး နားနေပါ...မနက်ဖြန်ကျမှ တွေ့ကြမယ်...စောစောအိပ်နော် နှင်း....good night...ကိုယ့်ရဲ့ ကလေးငယ်...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now