Special episode 4(Unicode+Zawgyi)

171 6 0
                                    

ကားပေါ်ကဆင်းတာနဲ့ သက်တစ်ယောက် ဖိုးနဲ့ ဖွားကိုတောင် မေ့သွားပြီး မစောင့်မိဘဲ ဆေးရုံထဲသို့ ပြေးဝင်မိတော့သည်။

လျှောက်လမ်းရှည်ကြီးကို ဖြတ်၍ပြေးမိသည်။ စိတ်ထဲမှာလည်းအလွန်ကို လေးလံလွန်းလှသည်။

သူဘာမှမဖြစ်ပါစေနဲ့...

ယူ...ယူ သက်ကို ထားမသွားနဲ့နော်...

သက်လေ...အရင်တုန်းက အကြောင်းအရာတွေကို အခု ပြန်သတိရနေပါပြီ...

အခုအချိန်မှာ သက်အလိုအပ်ဆုံးက ယူ့ကိုပါ...

သက်က ယူခေါ်နေကြ နှင်းလေ...

နှင်းပြန်လာပြီမို့...ဟင့်...ယူ..ယူ နှင်းကိုထားမသွားရဘူးနော်...ကိုယ်...

နှင်းလည်း ကိုယ့်ကို ချစ်တယ်လို့..ဟင့်..

ပြေးလွှားနေသော မိမိမှာ အနောက်က ခေါ်သံကြားမှ လှည့်ကြည့်မိသည်။

'ဆရာမ သက်....!!!!'

သက်လည်း အသံလာရာဘက်ကို လှည့်ကြည့်လိုက်တော့

'ဒါရိုက်တာကြီး...ဟင့်...'

'ဆရာမ...ငို..ငို..နေတာလား...'

'ဟင့်...ကိုယ်..ကိုယ်ရော...'

'ဟင်...ဘယ်က ကိုယ်လဲ...ဆရာမ...'

'ဟင့်....သူ့ကိုပြောတာ..မိုးမခ..မိုးမခလေ...'

'အာ...အဲ့ဒါဘဲ ကျွန်တော်..ပြောမလို့..မင်းသားက...'

'ပြောပါ...သူဘာမှ မဖြစ်ဘူးမလားဟင်...အားလုံးက..ဟင့်..နှင်းကြောင့်..နှင်း မကောင်းလို့..အခုလိုတွေဖြစ်ရတာ...ဟင့်...'

'ဆရာမသက်...ကြည့်ရတာ ဆရာမလည်းဇာတ်ညွှန်းတွေ တအားဖတ်ပြီး အားထုတ်ထားပုံရတယ်..အဟက်..ကိုယ့်နာမည်ကိုယ်တောင်မှ မမှန်ချင်တော့ဘူး...'

'နှင်း...!!!!'

ဒါရိုက်တာရဲ့ ကျောပြင်အနောက်မှ သူက ခေါ်လိုက်လေသည်။

သူ့ကို သက်လည်း မော့ကြည့်မိသည်။

ဟုတ်တာပေါ့...သူမှသူ...မိုးမခ...သွေးတွေ..သူ့ရဲ့ ဖြူလွှလွှ ရှပ်အင်္ကျီမှာရော...ပါးပေါ်မှာပါ ပေးကျံနေတော့သည်။

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now