ရုပ်ရှင်ကားရိုက်ဖို့အတွက် သက်တို့ရော producers တွေ..director ရော..အနုပညာရှင်တွေပါ..အခန်းထဲမှာ နေရာအသီးသီးမှာ နေရာယူပြီးကြပြီလေ..သတင်းသမားတွေကလည်း သူ့နေရာနဲ့သူ အခန်းပြင်မှာ အဆင်သင့် စောင့်နေလေတော့သည်။
ထိုအချိန်
'ဒါရိုက်တာကြီး....'
'ဟိတ်ကောင်..စိုးပိုင်..ဘယ်မှာလဲ..မင်းသားနဲ့ မင်းသမီး..ပွဲကစတော့မယ်...ခက်တော့ခက်တာဘဲ...'
'အာ...ဟိုလေ...'
'စိုးပိုင်..အခုမှ...တောက်..ငါ့လက်ထောက်လုပ်နေပြီး...'
'ဟို...'
'ပြော..မြန်မြန်...'
'မင်းသားကရောက်နေပါပြီတဲ့..ဒါပေမယ့် မင်းသမီးက...'
'ဟာ...မင်းသမီးက ဘာဖြစ်ရပြန်တာလဲ..ပွဲကစတော့မှာလေ..'
'မင်းသမီးက မလာနိုင်တော့ဘူးတဲ့..နေမကောင်းဘူးလို့ပြောနာပါဘဲ...'
'ဟာ..ဟိတ်ရောင်..ဒီလိုလွယ်လွယ်နဲ့စကားကို လက်လွတ်စပယ်ပြောလို့ရကြေးလား..အခု မင်းသားရောက်ရင်တောင် ငါက ဘယ်က မင်းသမီးကခေါ်ပြရမှာလဲ...'
'လူစားထိုးလိုက်ရင်ရော..'
'ဟာ..အဲ့လောက်လွယ်မလားကွ...ငါ...ခက်တော့တာဘဲ...'
'အယ်..ဟိုမှာ..မင်းသားလာပြီ...'
'အာ...ဟုတ်သား...ဖယ်...'
'မင်းသား...ရောက်လာပြီလား..လာပါ..ဆရာမသက်ရဲ့ ဘေးမှာ မင်းသားရဲ့နေရာ..'
သက်လည်း ဘေးနားမှာရောက်နေတဲ့ လူကို လှည့်မကြည့်မိလိုက်..ဒီတိုင်းဘဲ...ဘာရယ်မသိ စောစောက သက်နဲ့တွေ့ခဲ့တဲ့ လူအကြောင်းကို ပြန်စဉ်းစားနေမိရင်း..ရှေ့မှာချထားသော ရေဘူးကိုယူသောက်ဖို့ အဖုံးဖွင့်နေတော့သည်။
'အာ..ဘာလို့ ဖွင့်လို့မရတာလဲ...ကြပ်လိုက်တာ...'
ထိုအချိန် ဘေးနားက လူက သက်လက်ထဲက ရေဘူးကို ဆွဲယူပြီး ဖွင့်ပေးလိုက်ကာ လက်ထဲကိုပြန်ထည့်ပေးလာသည်။
သက်လည်း 'ကျေးဇူး..'ဟုဆိုကာ ရေကိုသောက်နေရင်း ဘေးကလူက သက်ရဲ့ နားနားကပ်ကာ
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...