Chapter 33(Unicode+Zawgyi)

30 6 0
                                    

နှင်းလည်း နားထောင်ရင်းနဲ့ ဆက်နားထောင်နိုင်စွမ်းမရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ ထိုင်ရက်သားပြုတ်ကျသွားတော့သည်။ပြီးနောက် မိုးမခရှိရာ အခန်းတံခါးရှေ့သို့ လျှောက်လာခဲ့သည်။မျက်ရည်များက နှင်းရဲ့မျက်ဝန်းထဲမှ အလျင်အမြန်စီးကျလာတော့သည်။နှင်းလည်း အလျင်အမြန်မျက်ရည်များကို သုတ်ကာ စိတ်ကို တည်ငြိမ်အောင်ထားရင်း အပြုံးတစ်ခု မျက်နှာမှာဆင်ကာ အခန်းထဲကို ဝင်သွားတော့သည်။ အခန်းထဲရောက်တော့ မိုးမခက နိုးနေပြီး ထားနဲ့ စကားပြောနေလေသည်။ထားက နှင်းဝင်လာတာလဲမြင်ရော

'ဟဲ့..နှင်း..နင်ကလည်း..ဖုန်းပြောတာ ကြာလိုက်တာဟာ..ဒီမှာ နင့်ကိုယ်တော်လေးက မေးနေတာ..'

'မရီးကလည်း..'

'အမလေး..အခုမှဘဲ ပြုံးတော်မူတော့တယ်နော် မတ်ကလေး..ကဲ နှင်း..လာလေ..အဲ့နေရာမှာဘဲ နင်ရပ်နေတော့မှာလား..'

'အော်..နှင်း အတွေးလွန်သွားလို့ပါ...'

'ကဲ..ထားပါတော့..နင်လည်းရောက်လာပြီဆိုတော့ မတ်ကလေးနားမှာ နေပေးလိုက်ဦး..ငါ မောင့်နောက်ကို လိုက်သွားလိုက်ဦးမယ်..'

'အင်း..သွားလေထား...'

'အေး..'

ထားအခန်းထဲကထွက်သွားတော့ နှင်းက မိုးမခ ကုတင်အနားကခုံမှာ ဝင်ထိုင်လိုက်သည်။ပြီးနောက်

'နေရတာသက်သာလားဟင်..'

'နှင်း...'

'မပြောပါနဲ့တော့..'

'နှင်းသိသွားပြီလား..ကိုယ့်ရဲ့အကြောင်း..'

'အင်း..ကိုမိုးနှောင်း ပြောပြလို့ ...'

'ကိုယ့်ကို စိတ်ဆိုးနေသေးလား နှင်း...'

'ဟင့်အင်း..စိတ်မဆိုးဘူး..နှင်းစိတ်မကောင်းဖြစ်တာ...'

'နှင်း...ကိုယ်..တောင်းပန်ပါတယ်..နှင်းကို စိတ်မပူစေချင်လို့ပါ..ပြီးတော့ နှင်းကိုကိုယ် ပြောပြလိုက်ရင် နှင်းကိုယ့်ကို ထားသွားမှာ ကြောက်လို့ပါ..'

'ကိုယ်...'

'နှင်း...ကိုယ့်ကို ထူပေးမလား...'

နှင်းလည်း မိုးမခကို ထူပေးကာ ထိုင်ခိုင်းလိုက်ပြီးမိုးမခရဲ့ နောက်ကျောဘက်မှာ ခေါင်းအုံးကို အဆင်ပြေအောင်နေရာချထားပေးလိုက်သည်။ ပြီးနောက်မိုးမခက နှင်းရဲ့ လက်ကလေးကို ကိုင်ကာ

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now