Chapter 22(Unicode+Zawgyi)

39 6 0
                                    

ကန်ရေပြင်ကျယ်ကြီးရဲ့ နံဘေးတွင် အရွက်ပေါင်းဝေဆာနေသော သစ်ပင်ကြီးတစ်ပင်ရှိ​၏။သစ်ပင်ရဲ့အောက်ဘက် ခုံတန်းလျားလေးတွင်တော့ နှင်းနဲ့ အတူ အခြားလူတစ်ယောက် ဘေးချင်းကပ်ထိုင်ကာ စကားတွေပြောနေခဲ့သည်။

ပတ်ဝန်းကျင်က လူးလွင့်ကာ တိုက်ခတ်လာသောလေပြေ များကြောင့်လားတော့မသိ...နှင်းရဲ့ စိတ်ထဲမှာတော့ ထိုသူဟာ နှင်းရဲ့ ဘေးနားမှာရှိနေသော်လည်း အလွန်ကို ဝေးကွာနေသလိုခံစားနေရသည်။

နှင်းက ထိုသူ့ကို ဘယ်သူဘယ်ဝါမှန်း သဲသဲကွဲကွဲမမြင်ရသော်လည်း ထိုသူသည် နှင်းရဲ့ စိတ်နှလုံးသားအစဉ်ကို လွှမ်းမိုးချုပ်ကိုင်ထားသောသူဖြစ်သည်ဆိုသော အချက်ကတော့ ကာယကံရှင် နှင်းတောင်မှ ငြင်းလို့မရသည်ကိုသာ နှင်းလက်ခံထားသည်။

'ကိုယ်.....'

'နှင်း...ပြောလေ....'

'ဟင့်အင်း...ဒီအတိုင်း ဘဲခေါ်လိုက်တာ...'

'အာ...နှင်းကလဲကွာ...ကိုယ့်ကို နောက်နေပြန်ပြီ...'

'ဘာဘဲဖြစ်ဖြစ်ပါ...ကိုယ်....ကိုယ်လို့...'

'အင်း...'

'ကြည့်..တွေ့လား...မဖြေချင်ဖြေချင်နဲ့....ဟင့်...'

'အော်...စိတ်ဆိုးသွားပြန်ပြီလား နှင်းရဲ့...စိတ်ဆိုးသွားတယ်ဆိုရင်လည်း ကိုယ်တောင်းပန်ပါတယ်...sorry ပါနော်...နော်လို့...'

'ယူနော်..ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ...'

'ဟုတ်ပါပြီဗျ...မိနှင်းသဘောပါဗျာ...ဒါနဲ့ စောစောက နှင်းကိုယ့်ကို ဘာပြောမလို့လဲ...'

'ကိုယ်...နှင်းကို ကတိတစ်ခုပေးမလား...'

'ဟင်...ကတိ???...ပြောပါဦး...ဒီတစ်ခါရော ဘာတွေထူးထူးဆန်းဆန်း လုပ်ဦးမလို့လဲ နှင်းရဲ့...'

'ကိုယ်...နှင်းမေးတာကိုဘဲဖြေပါ...ကိုယ် နှင်းကို ကတိပေးမလား..မပေးဘူးလား...'

'ကောင်းပါပြီ...ကိုယ် နှင်းကို ကတိပေးပါတယ်...'

'အင်း...ဒါဆိုလဲပြီးရော..'ဟုဆိုကာ နှင်းတစ်ယောက် ခေါင်းလေးငုံ့ကာ မြေပြင်ကျယ်ကို ကြည့်ရင်းတွေးနေမိတော့သည်။နှင်းရဲ့ နဘေးမှာထိုင်နေသော ကိုယ်လို့ နှင်းခေါ်နေတဲ့ သူကလည်း ဘာမှ ဆက်မပြောဘဲ ငြိမ်သက်နေသော နှင်းကိုကြည့်ရင်း

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now