'နှင်း...ကိုယ်နှင်းကို ချစ်တယ်..နှင်းနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ကိုယ် မြတ်နိုးတယ်...နှင်းကို ချစ်ခွင့်ပန်တာ ကိုယ့်အတွက် အခုက ဒုတိယအကြိမ်ဆိုပေမယ့်လေ..နှင်း... ဒီတစ်ခါတော့ ကိုယ့်ကို လက်ခံပေးပါနော်..မင်းရဲ့ ဘဝထဲကို ကိုယ့်ကို ဝင်လာခွင့်ပေးပါ...ကိုယ့်ကို မငြင်းဘူးမလားဟင် နှင်း...'
'....'
'ဘာလို့ ကိုယ့်ကို ဘာမှ ပြန်မပြောရတာလဲဟင် နှင်း...တစ်ခုခုတော့ ပြောလေ...ကိုယ့်ကို အဲလို အနေခက်အောင် မလုပ်ပါနဲ့နော်...'
'ယူ နှင်းပြောတာကို တကယ်ကြားချင်တာလား...ဒါဆို နှင်းဘာဘဲပြောပြော ယူလက်ခံရမှာနော်...ကိုမိုးမခ...'
မိုးမခတစ်ယောက် အတန်ကြာ စဉ်းစားပြီးမှ
'အင်း...ကိုယ် လက်ခံပါတယ်...'
'ကောင်းပြီလေ...ဒါဆို ယူ သေချာနားထောင်...နှင်းတစ်ခေါက်ဘဲပြောမယ်...
မုန်းတယ်....အရမ်းမုန်းတာဘဲ...'
'နှင်း...'
မိုးမခရဲ့ ပါးပေါ်က မျက်ရည်လေးများ ကျဆင်းလာရသည်။ဒါကို နှင်းကတွေ့တော့
'ယူ ...ဘာလို့ ငိုနေရတာလဲ ..ယူ ယောက်ျားမဟုတ်ဘူးလား...'
'ကိုယ်...ကိုယ်...'
'တော်ပြီကွာ...နှင်းစကားတောင်မဆုံးသေးဘူး ယူက တောင်ထင်မြောက်ထင်ထင်ပြီးကိုယ့်ဟာကို ဝမ်းနည်းနေတော့တာဘဲ...'
နှင်းရဲ့ ရုတ်တရက် ဆန်သော စကားကို ကြားလိုက်ရတာကြောင့် မိုးမခရဲ့ ကျနေတဲ့ မျက်ရည်တွေတောင် ရပ်တန့်သွားတော့မလို..မိုးမခတစ်ယောက် နားမလည်ဟန်ဖြင့် နှင်းကို ကြည့်ကာ
'နှင်း...နှင်းက ဘာကို ဆိုလိုချင်တာလဲ...ကိုယ်နားမလည်ဘူး...'
'အယ်...ဟို...နှင်း အရမ်းမုန်းတယ်..နှင်းကိုယ့်ဘာသာကိုယ် မုန်းတယ်လို့ပြောတာ...'
'ဟင်...ကိုယ့်ဘာကိုယ် မုန်းတယ်...ဘာလို့လဲ နှင်းရဲ့...'
'ဘာလို့လဲဟုတ်လား...ကိုမိုးမခ ..ဘာလို့လဲဆိုတော့ နှင်းက မုန်းလိုက်ဖို့ မေ့လိုက်ဖို့ ဆုံးဖြတ်ထားတဲ့လူကို မှ မမုန်းနိုင် မမေ့နိုင်ဖြစ်နေပြီး အရမ်းချစ်မိသွားလို့ရှင့်..'
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Lãng mạn'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...