Chapter 38(Unicode+Zawgyi)

27 8 0
                                    

စူးရှ ခဏကြာတော့ မိုးမခတို့ အိမ်ကို ရောက်လာကာ မိုးမခကို စမ်းသပ်စရာရှိတာစမ်းသပ်နေစဉ်
ဒေါ်စောလှက

'သား..စူးရှ..အန်တီ့သားငယ်လေး ဘာဖြစ်တာလဲဟင်...'

'အန်တီ...ကျွန်တော် တစ်ခုမေးမယ်နော်...ညီလေးက ဘာလို့ အခုလို မေ့လဲသွားရတဲ့ အထိဖြစ်သွားရတာလဲ...'

'အန်တီပြောပြပါ့မယ် ...အန်တီတို့ ဝှက်ထားတဲ့ သားငယ်လေးရဲ့ ​နှလုံးအစားထိုးဖို့ ဆေးမှတ်တမ်းကို ရှာတွေ့သွားတဲ့အပြင် အန်တီတို့ရဲ့ organ donation cardတွေကိုပါ မြင်သွားပြီး....အဟင့်...သား...စူးရှ...အန်တီ...လေ..သားငယ်လေးကို အသိမပေးဘူးဆိုတာက သားငယ်လေးကို စိတ်မကောင်းမဖြစ်စေချင်တာကြောင့်ပါ..အန်တီတို့ အလှူရှင်ကို သုံးနှစ်တိတိစောင့်ပြီးပါပြီသားရယ်...ဒါပေမယ့် ဘာမှ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းမကြားတော့ အန်တီတို့လည်း အခု အဲ့လို လုပ်မိလုပ်ရာလုပ်မိသွားတာပါ..အန်တီ့ရဲ့ သားငယ်လေးသာ အသက်ရှင်မယ်ဆိုရင် အန်တီသေပေးရမယ်ဆိုရင်တောင် အန်တီရပါတယ်..သားငယ်လေးရဲ့ ဖေဖေရော နောက် သားကြီးမိုးနှောင်းရောကလည်း မိုးမခလေး ကောင်းကောင်း အသက်ရှင်သွားဖို့ဘဲမျှော်လင့်နေကြတာပါ...'

ပြောလိုက် ငိုလိုက်လုပ်နေသော ဒေါ်စောလှကို စူးရှက အနီးရှိ ခုံမှာထိုင်ခိုင်းလိုက်ပြီး

'အန်တီ...ကျွန်တော်လည်း အန်တီတို့ခံစားချက်ကို နားလည်ပါတယ်..ဒါပေမယ့် အခုလို မိုးမခအတွက် အန်တီတို့က organ donationလုပ်ပေးဖို့ သဘောတူခဲ့ပေမယ့်လည်း ညီလေးက သူ့အတွက်ကြောင့် အခုလိုလုပ်တယ်ဆိုပြီး ဝမ်းနည်းနေမှာ.. ..ကျွန်တော်ပြောမယ်နော်...မိုးမခကလေ..အခုအရမ်းကို အားနည်းနေတယ်...အထူးသဖြင့် သူ့ရဲ့နှလုံးသားကပေါ့...သူစောစောက ကိစ္စကြောင့် စိတ်လှုပ်ရှားသွားတဲ့ အပြင် ထိတ်လန့်သွားတာကြောင့်ရော စိတ်မကောင်းဖြစ်သွားတာကြောင့်ပါ အခုလို မေ့လဲသွားရတာပါ..'

'သား..စူးရှ..အန်တီ့သားငယ်လေးကို ကယ်ပေးပါ..အန်တီ..တောင်းပန်ပါတယ်..'

'အန်တီရယ်...ကျွန်တော်က မိုးမခလေးကို ရအောင် ကယ်မှာပါ...ဒါပေမယ့်...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now