Chapter 47(Unicode+Zawgyi)

24 6 0
                                    

'ဒုန်း...ဒုန်း...

Boss....!!!'

အခန်းအပြင်ဘက်မှ တံခါးခေါက်သံကြောင့် ခွန်းထက် လည်းနိုးလာရတော့သည်။ပြီးတော့ လေသံမာမာဖြင့်

'မနက်စောစော ဘာလဲကွာ...ဘာဖြစ်ရ
ပြန်တာလဲ...အရေးမကြီးရင် ကျော်ကျော်နဲ့ ရဲရဲကို သွားရှာလေ...ဘယ်နှစ်နာရီရှိပြီလဲ...ဝါး...'

ခွန်းထက်လည်း အိပ်ယာကနေ လူးလိမ့်ပြီး ထကာ အခန်းအပြင်ဘက်က လူကို လှမ်းမေးလိုက်တော့

'မနက် ၁၁:၃၀ပါ Boss..ပြီးတော့လေ ကိုကျော်နဲ့ ကိုရဲက စက်ရုံဘက်ကို ထွက်သွားတယ် boss..ပြီးတော့ အခု ကျွန်တော်ပြောမှာကလည်း အရေးကြီးလို့..'

'ပြော...မြန်မြန်ပြော...ငါအိပ်ချင်နေသေးတယ်...'

'မမလေး...'

'ကလေးကဘာဖြစ်လို့လဲ...ဟင်..'

စိတ်လောစွာဖြင့် ဘေးနားက ညအိပ်ဝတ် အင်္ကျီရှည်ကို ကောက် ဝတ်ကာ အခန်းတံခါးဖွင့်လိုက်ရင်း ထို ကောင်လေးကို မေးလိုက်သည်။

'ဟိတ်ကောင်..ငါမေးနေတယ်လေ..ကလေးက အခန်းထဲမှာဘဲရှိတယ်မလား...ငါ ကလေးရဲ့ အခန်းတံခါးရော သံကြိုးတွေရော ကို သေချာကို သော့ခတ်ခဲ့ပါတယ်..ပြော..ဘာဖြစ်လို့လဲ...'

'မမလေးက မနေ့ညကတည်းက ညစာထွက်မစားဘူး ..ပြီးတော့ အခုထက်ထိလဲ မနက်စာစားဖို့ သွားပြီး အခန်းထဲကို သွားခေါ်တော့ အခန်းထဲမှာမရှိဘူး..ကျွန်တော်လည်း ရေချိုးခန်းထဲကနေ ရေသံကြားတော့ အထဲမှာ မမလေးရှိလောက်မယ်ထင်လို့ အပြင်ကနေ နာမည်ခေါ်ခဲ့တယ်..ဒါပေမယ့် အထဲကနေ ရေကျသံကလွဲပြီး ဘာမှ မကြားရဘူး..အဲ့တာ...ကျွန်တော်လည်း အထဲဝင်ဖို့ မသင့်တော်တာနဲ့...'

ဘာသံမှ ဖြေသံမကြားရဘူး...ဟင့်အင်း..ကိုယ်..ကိုယ့် ကို မထားခဲ့ပါနဲ့..ကိုယ်ထင်သလို ...ဟင့်အင်း..မဖြစ်ရဘူး

'ဖယ်!!!ဖယ်စမ်း!!!...နှင်း...ကလေး..ကလေးတစ်ခုခုဖြစ်လို့ မရဘူးနော်..ကိုယ်..ကိုယ်လာနေပြီ...ကလေး...!!!'ဟုဆိုကာ ခွန်းထက် လည်း နှင်းရဲ့ အခန်းထဲသို့ ဝင်သွားကာ ရေချိုးခန်းရှေ့ရောက်တော့

'ကလေး...ဒုန်း..ဒုန်း..ကလေး...ကိုယ့်ကို ပြန်ထူးပါဦး..ကလေးရေ..'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now