Chapter 28(Unicode+Zawgyi)

38 7 0
                                    

'Boss...!!!!'

အခန်းထဲသို့ ပြာပြာသလဲ ဝင်လာသူ ရဲရဲကိုကြည့်ကာ ခွန်းထက်တစ်ယောက် အလိုမကျစွာဖြင့်

'ပြော....ဒါက ဘာဖြစ်လာပြန်ပြီလဲ....'

'ဟို....ဟို....'

'လာပြန်ပြီလား နောက်တစ်ကောင်...တောက်....မင်းတို့ ကောင်တွေ လိုရင်းကို ပြော....ငါဒေါသထွက်မိလိမ့်မယ်....ကြားလား ရဲရဲ....'

'ဟုတ်...boss...ဟို ကျွန်တော်တို့ ရဲ့ အကြောင်း နောက်ယောင်ခံလိုက်နေတဲ့ ရှေ့နေဦး အဂ္ဂကလေ...ရှေ့နှစ်ပတ်မြောက်လောက်မှာ သူရထားတဲ့ အချက်အလက်တွေကို ရဲလက်အပ်ဖို့တဲ့...ရန်ကုန်က ကျွန်တော်တို့ လူယုံ တွေစီက သိရတာ....'

'အဲ့ ဘိုးတော်ကရော ငါတို့အကြောင်းကို ဘယ်လောက်အထိ သိသွားပြီလဲ...'

'Boss....ကျွန်တော်တို့ရဲ ရှမ်းပြည်က ဘိန်းစိုက်ခင်းတွေအားလုံးကို အခု ဦးအဂ္ဂက ဦးဆောင်ပြီး ရဲတွေနဲ့ ရှမ်းပြည်ဘက်ကို လိုက်သွားနေပြီ...ပြီးတော့...ယိုးဒယားဘက်က ကျွန်တော်တို့ရဲ့ လူသွင်းကုန်နဲ့ ဘိန်း ထုတ်ပြီးရောင်းချနေတဲ့ list တွေရော...ဦးအဂ္ဂက သိပုံရတယ်...'

'ဘာ!!!!!!!တောက်....ကဲကွာ....'

'ခွမ်း!!!!!...'

ခွန်းထက်တစ်ယောက် စိတ်အရမ်းတိုလွန်းတာကြောင့် အနီးအနားရှိ ပန်းအိုးကို လက်နဲ့ တိုက်ချလိုက်လေသည်။တိုက်ချလိုက်တဲ့ အရှိန်က ပြင်းလွန်းတာကြောင့် ခွန်းထက်ရဲ့ လက်ကနေ သွေးတွေ ချက်ချင်း စီးလာတော့သည်။

'Boss....လက်ကနေ သွေးတွေထွက်လာပြီ....ခဏနော်....'ဟုဆိုကာ အခန်းထဲမှ ပြေးထွက်သွားတော့သည်။

ခဏကြာတော့ ရဲရဲ တစ်ယောက် ဆေးသေတ္တာလေး ယူကာ အခန်းထဲသို့ပြန်ဝင်လာတော့သည်။

'Boss....စိတ်လျှော့ထားနော်...ကျွန်တော်မြန်မြန်ဆေးထည့်ပြီး ပတ်တီးစည်းပေးမယ်...'

'မလိုပါဘူး....ငါက ယောက်ျားပါ...ဒီဒဏ်ရာလောက်ကို ငါက ဆေးထည့် ပတ်တီးစည်းထားရမှာလား....ဖယ်...'ဟုဆိုကာ ရဲရဲကို တွန်းဖယ်ကာ အနီးရှိ ဘေဇင်ရှိရာစီသို့ သွားပြီး လက်က သွေးများကို ရေနဲ့ဆေးချလိုက်သည်။ပြီးနောက် ရဲရဲဘက်ကို လှည့်ကာ

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now