Chapter 46(Unicode+Zawgyi)

33 6 0
                                    

'Boss ....'

'ရဲရဲ...ပြန်ရောက်လာပြီလား...ကလေးရော...'

'Boss ပြောတဲ့ အတိုင်းဘဲ မမလေးနှင်းကို မိုးမခအိမ်ကနေပြန်ထွက်လာတဲ့ လမ်းမှာဘဲ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်...'

'ကောင်းတယ်..မင်းသိပ်တော်တယ်...မင်းရော ကျော်ကျော်ရော လိုချင်တာကို စဉ်းစားထားကြ...ငါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးမယ်...'

'ဟုတ်..ကျေးဇူးပါ boss...'

Boss ရယ် ကျွန်တော်လိုချင်တဲ့ ဆန္ဒကိုတော့ Boss ဖြည့်ဆည်းပေးနိုင်မယ် မထင်ပါဘူး...ဟူး...

ကျွန်တော်ပျော်ပါတယ်..bossရဲ့ အနားမှာနေနေရတာကိုဘဲ ကျွန်တော် ဝမ်းသာလှပါပြီ boss ရယ်...

ရဲရဲလည်း သူ့ကို ကျောပေးပြီး ထွက်သွားသော ခွန်းထက်ရဲ့ နောက်ကျောပြင်ကိုသာ ငေးကြည့်ရင်း ကျန်ခဲ့လေတော့သည်။

⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️⚡️

နှင်းရဲ့ အခန်းလေးထဲတွင် ဆူညံသံတွေနဲ့ ပြည့်နှက်နေလျက်

'ထွက်သွား..ယူတို့ အားလုံးထွက်သွားကြပါ... နှင်းပြောနေတယ်လေ...ဘယ်သူ့ကိုမှ မမြင်ချင်ဘူး...ဟင့်...'

ထိုစဉ် အခန်းထဲသို့ ခွန်းထက်က ဝင်လာကာ

'အားလုံး ထွက်သွားကြလေ...မင်းတို့ရဲ့ မမလေးပြောနေတာကို မကြားကြဘူးလား..ဟင်!!!!'

'ကြ...ကြားပါတယ်..ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး...'

အခန်းထဲမှာ နောက်ဆုံးတော့ နှင်းနဲ့ ခွန်းထက် နှစ်ယောက်တည်း ကျန်ခဲ့လေတော့သည်။

ခွန်းထက်က နှင်းအနားကို လျှောက်လာကာ

'နှင်း..ကလေးလေး...'

'ဟင့်...ယူ..ယူ..နှင်းအနားကို မလာပါနဲ့...'

'ကလေးရယ်..ဘာလို့ ငိုနေရတာလဲ..ကိုယ်က ကလေး အခုလို ငိုနေတော့ ဘယ်စိတ်ကောင်းပါ့မလဲ..'

'ဒါက ရှင်နဲ့ မဆိုင်ပါဘူး ကိုခွန်းထက်..ဟင့်..'

'နှင်း..'

'ယူ့လက်တွေနဲ့ နှင်းကို လာမထိနဲ့..'

'ကိုယ်တောင်းပန်ပါတယ်..ကလေးမကြိုက်ရင် ကိုယ် မလုပ် ပါဘူး..နော်..'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now