Chapter 24(Unicode+Zawgyi)

33 7 0
                                    

နှင်းတစ်ယောက် မိုးမခနဲ့ တွေ့ပြီးပြန်လာကတည်းက တမှိုင်မှိုင် တထွေထွေဖြစ်နေတဲ့ ပုံကိုကြည့်ကာ ကြီးကြီးက နှင်းကို နှင်းအခုတစ်ယောက်တည်းနေနေတဲ့အိမ်မှာတစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချတာကြောင့် ပြီးတော့ daddy နဲ့လည်း အတူတူ ခဏလောက်ပြန်နေဖို့ရာ တိုက်တွန်းခဲ့သည်။

'မီးမီး...နှင်းလေး...ကြီးကြီးပြောတာနားလည်လား...'

'ဟုတ်...ဒါပေမယ့် ကြီးကြီးရယ်..ဒီလို အချိန်မှာမီးမီး ဘယ်သူနဲ့မှလည်း စကားမပြောချင်သလို daddy နဲ့လည်းမတွေ့ချင်သေးဘူး...ကြီးကြီး...အဟင့်...'ဟုဆိုကာ ရင်ခွင်ထဲတိုးဝင်ကာ ငိုပြန်တော့သည်။

ကြီးကြီးကတော့ နှင်းကို တင်းနေအောင်ဖက်ထား၍ နှင်းရဲ့ ခေါင်းလေးကို ပုတ်ကာ

'မီးမီးရယ်...ကြီးကြီးကို မီးမီး ရင်ဖွင့်ချင်တယ်ဆိုရင်  ကြီးကြီးနားထောင်ပေးပါမယ်...အဲလို တစ်ယောက်တည်း မျိုသိပ်ပြီး ခံစားနေရတာထက်..ကိုယ့်ခံစားချက်ကို ရင်ဖွင့်လိုက်တာက နှင်းလေးအတွက် ပိုပြီးအဆင်ပြေလိမ့်မယ်လို့ ကြီးကြီးထင်တယ်...'

'ကြီးကြီး...'

'ရှင်...ပြောလေ မီးမီးရဲ့...ကြီးကြီးကို ပြောလို့ရပါတယ်..မီးမီးစိတ်ထဲရှိတာ ဘာမဆိုကို..ဒါမှ ကြီးကြီးကလည်း လိုအပ်တာတွေ..ထောက်ပြစရာရှိတာတွေ..မှန်လား..မှားလား ဆိုတာကို အကြံဉာဏ်ပေးလို့ရမှာပေါ့...နှင်းလေးရဲ့...'

နှင်းလည်း ကြီးကြီးပြောနေတာကို တစ်ချက်လောက်စဉ်းစားပြီး

'ကြီးကြီး...ဒီနေ့..မိုးမခက နှင်းကို သဘောကျကြောင်း ဝန်ခံလာခဲ့တယ်...'

'အဲ့တော့..နှင်းလေးက ဘာပြန်ပြောလိုက်လဲ...'

'နှင်းငြင်းခဲ့လိုက်တယ်ကြီးကြီး...ဒါပေမယ့်လေ..နှင်း အဲ့ဒါကိုပြန်တွေးမိတိုင်း နှင်းစိတ်မကောင်းလည်းဖြစ်မိနေသလို နှင်း..နှင်းလေ မိုးမခကို...အဟင့်...'

'နှင်းလေး..ကြီးကြီးကိုကြည့်ပြီးတော့ သေချာဖြေနော် အမှန်အတိုင်း...'

'ဟုတ်..ကြီးကြီး..နှင်း အမှန်အတိုင်းဖြေပါ့မယ်...'

'နှင်းလေး အဲ့ကောင်လေးကို သဘောကျတယ်မလား...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now