Chapter 31(Unicode+Zawgyi)

30 7 0
                                    

စူးရှလည်း ဦးသက်ဆွေစီမှ ဖုန်းရရချင်း အလျင်အမြန်ပင် အိမ်သို့ ရောက်လာ​၏။
ပြီးနောက် နှင်းကို စမ်းသပ်စစ်ဆေးပြီး

'ဘာမှ စိတ်ပူစရာမလိုပါဘူး...နှင်းက လန့်သွားပြီးသတိလစ်သွားတာပါ..အဖျားလည်းနည်းနည်းရှိတော့ ညကျရင် ရေပတ်တိုက်ပေးပြီး ကျွန်တော်ပေးတဲ့ ဆေးတွေကို သောက်ရင် တစ်ရက် နှစ်ရက် အတွင်း နေပြန်ကောင်းလာပါလိမ့်မယ် အန်ကယ်....ကြီးကြီး....'

ထိုအခါ ဦးသက်ဆွေက

'အေး...ကျေးဇူးပါသားရယ်..နောက်အချိန်ရမှ သားနဲ့ စကားပြောကြတာပေါ့..မတွေ့တာတောင်ကြာပြီနော်....'

'ဟုတ်...ရပါတယ်အန်ကယ်...အန်ကယ်အားရင်ဖုန်းဆက်လိုက်ပါ....ကျွန်တော် အားအောင်လုပ်ပြီးလာခဲ့ပါ့မယ်...ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး..'

'အေး..အေး..ဒေါ်ညွန့်ရေ...ကလေးကို အောက်လိုက်ပို့လိုက်ပါဦး...'

'ကောင်းပြီ မောင်သက်ဆွေ...လာ သားစူးရှ...'

'ဟုတ် ကြီးကြီး...'

ဦးသက်ဆွေက​တော့ နှင်းရဲ့ အခန်းထဲမှာဘဲနေခဲ့သည်။ ကြီးကြီးကတော့ စူးရှနဲ့ အောက်ထပ်ကို ဆင်းလာခဲ့သည်။အောက်ရောက်တော့ စူးရှက ကြီးကြီးကို နှင်းရဲ့ အကြောင်းမေးလေတော့သည်။

'ကြီးကြီး..ကျွန်တော် စောစောက နှင်း ဘာဖြစ်တာလဲဆိုတာ မေးလို့ရမလား...'

'သားရယ်...အမှန်အတိုင်းပြောရရင်လေ..အဲ့တုန်းက မီးမီးက သူ့daddy အပေါ်က မဆင်းလာသေးဘူးဆိုပြီး တက်ခေါ်တာ..တော်တော်ကြာကြာထိ မီးမီးက ဆင်းမလာတော့ ကြီးကြီးလည်း မောင်သက်ဆွေအခန်းကို သွားရှာဖို့ အလုပ် နှင်းရဲ့ အခန်းထဲက တရှုံ့ရှုံ့ ငိုသံကြားတော့တာဘဲ...အဲ့ဒါနဲ့ ကြီးကြီးလည်း အခန်းထဲဝင်လိုက်တော့ ဘေဇင်ဘေးမှာလက်နှစ်ဖက်ကို အတင်းပွတ်ပြီး နှင်းလေးက ဆေးနေတာ..နောက်တော့ကြီးကြီး လည်း မီးမီးကိုရင်ခွင်ထဲ ထည့်ပြီး ဖက်ထားလိုက်တယ်...ကြီးကြီးဘေဇင်ထဲကိုကြည့်လိုက်တော့လည်း သွေးတွေကို တွေ့လိုက်တယ်..ဘယ်လိုတွေဖြစ်ကုန်တာလဲ မသိပါဘူးသားရယ်..နောက်တော့ မီးမီးလေး သတိလစ်သွားတော့တာဘဲ...သားလည်းသိတဲ့အတိုင်း မီးမီးက သူ့ရဲ့ mommy ဆုံးတာကို မြင်ပြီးကတည်းက သွေးကိုမြင်ရင် ကြောက်တတ်တာလေ...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now