Chapter 13(Unicode+Zawgyi)

55 7 0
                                    

မိုးနှောင်း အခန်းထဲမှာ တစ်ယောက်တည်း ဆက်ခွန်းစစီသို့ ဖုန်းဆက်ရင်းအလုပ်ရှုပ်နေလျက်

'ဟာကွာ...ငခွန်း...ငခွန်း...ဒီကောင် ငါ့ကို ဖုန်းခေါ်တယ်လည်းပြောသေးတယ် ...အခုပြန်ခေါ်တော့လည်း မကိုင်ပြန်ဘူး..ဘာတွေများလုပ်နေလို့ ဖုန်းခေါ်နေတာတောင် ဒီကောင် မကိုင်နိုင်ရတာလဲ...အော်..မေ့တော့မလို့...ဟိုကောင် နောင်နောင်နဲ့ ရန်လေးတို့စီ ဆက်ကြည့်ရမယ်...တစ်ခုခုသိလိုသိညားပေါ့..အရှုံးတော့မရှိလောက်ပါဘူး...'

ဖုန်းဝင်ပြီးမကြာလိုက်ပါ တဖက်စီမှ

'ဟဲလို...'

'အော်..ဟိတ်ရောင် နောင်နောင်...ငါပါကွ မိုးနှောင်း...'

'အေး...ပြော..ငါကရန်လေးပါကွ..နောင်နောင်က အိပ်ပျော်နေလို့ ငါကိုင်လိုက်တာ...'

'ဟင်...မင်းတို့က အတူတူနေတာမှမဟုတ်တာ..ဟိုကောင်နောင်နောင်က သူ့အိမ်မှာသူ့မိသားစုနဲ့ အတူနေတာမဟုတ်ဘူးလား...ပြီးတော့ မင်းက အဆောင်မှာနေတာလေ...'

'ဟုတ်တယ်လေ...'

'ဟုတ်တယ်ဆို...ဘာလို့နောင်နောင်က မင်းစီရောက်နေရတာလဲ...'

'ဒါကဒီလိုရှိတယ်လေ....နောင်နောင်ညက မူးပြီး အိမ်မပြန်နိုင်တော့လို့..အဲဒါ ငါ့အခန်းထဲခေါ်လာလိုက်တာ...'

'အော်..မသိပါဘူး..မင်းတို့ကို ဟိုကောင် ငခွန်းပြောသလို homo couple လို့ ငါထင်မိသွားလို့..'

'မဟုတ်ပါဘူးကွာ...မင်းထင်သလို..'

'မသိဘူးလေကွာ..မင်းတို့က တစ်ယောက်နဲ့တစ်ယောက် တွေ့ရင်တောင် အချစ်ရေ..hubby ရေဆိုပြီးခေါ်နေကြတော့..တကယ်ထင်သွားတာကွ..'

'ဟား...ဒါကလေ...အခုတလောမှာ BL တွေကခေတ်စားနေတာမလား..ဒါကြောင့် အခုလက်ရှိမှာBL series ပုံစံလိုလို series ရိုက်မယ်ဆိုပြီးဖြစ်လာတယ်လေ...အခုရိုက်မယ့် ဇာတ်လမ်းတွဲထဲမှာသူရောငါရောကအတွဲလို သရုပ်ဆောင်ရမှာဆိုတော့..သူရော ငါရော နေသားကျအောင်ခေါ်နေတာပါ...'

'အင်း..ပေါက်ပြီ..ပေါက်ပြီ...မင်းတို့ဟာကလည်းရှုပ်နေတာဘဲ...'

'အေးပါကွာ...ဒါနဲ့ မင်းသူ့စီဖုန်းဆက်တာ ဘာပြောမလို့လဲ..'

'အင်း...ဘာပြောမလို့ပါလိမ့်..အော် သိပြီ..သိပြီ..ဟိုကောင် ငခွန်းစီ ဖုန်းဆက်မရလို့..သူ့ဖုန်းနံပါတ်ကလည်း ငါသိတာ ၃ခုရှိတယ်ကွာ..ဘယ်ဟာမှလည်း ဆက်လို့မရဘူး..'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now