Chapter 41(Unicode+Zawgyi)

22 6 0
                                    

စေ့စပ်ပွဲနေ့ မိုမခတို့အိမ်မှာ မနက်စောစော အလုပ်ရှုပ်နေတော့သည်။

'ညီညီ..ဒီဘက်ကို လှည့်ပါဦး...ကိုယ်ကြီးကြည့်ပေးမယ်..'

'က်ိုကြီး...ရပြီလား...ငါအဆင်ပြေတယ်မလား..'

'အင်း..နည်းနည်းလေး စောင်းနေသေးတယ် ညီညီ...'

'ဒီလိုရော...'

'အင်း...နည်းနည်း..ဟုတ်ပြီ..အဆင်ပြေသွားပြီ..ညီညီ...'

'ဟူး...အမလေး...မလွယ်လိုက်တာကိုကြီးရာ..'

'ဘုရားသခင်...ပုဆိုးလေးဝတ်ရတာကိုများ..ဒီလောက်တောင် ဖြစ်ပျက်နေရလားညီညီရယ်..'

'ဟာ..ကိုကြီး..မင်းကလည်း..ပုဆိုးတော့ ပုဆိုးပေမယ့် ချောတဲ့အသားဆိုတော့ ငါလည်း သိပ်မဝတ်တတ်ဘူးလေ...'

'ကဲပါ..ဟုတ်ပါပြီ..ဒါနဲ့ ညီညီ...ပွဲရောက်ရင်သာ မြဲမြဲဖြစ်နေပါစေနော်...'

'ဘာကိုလဲ...'

'ပုဆိုးပေါ့..ဟိ...တော်ကြာ..အဝတ်မတော်ဘဲ ကျွတ်ကျသွားမှဖြင့်...လူလည်ခေါင်ကြီးမှာ...'

'မိုးနှောင်း!!!!!ဖွဖွ...မနက်စောစောကို ယုတ္တိမရှိတာတွေ...ဖြစ်ချင်းဖြစ် အဲ့တာ မင်းဖြစ်မှာ..'

'ဟား...ဟုတ်ပါပြီ..ထားပါတော့....ကဲ ..ပြင်ဆင်ပြီးရင်လည်း အောက်ထပ်ကို ဆင်းလာခဲ့တော့ ခန်းမကိုသွားရဦးမှာဆိုတော့ သတို့သားဘက်က နောက်ကျနေလို့ မဖြစ်ဘူးလေ..'

'အင်းပါ...ငါသိပါတယ်..နှင်းကို ဖုန်းအရင်ခေါ်ကြည့်လိုက်ဦးမယ်..ပြီးရင် ငါဆင်းလာခဲ့မယ်..'

'အေး..ပြီးရော...'

'ဒါနဲ့ မိုးနှောင်း...'

'ဟင်..ပြောလေ ညီညီ...'

'ဟို ...မေမေရော ဖေဖေ့စီ ဆက်သွယ်နေတာ အဆက်အသွယ်ရပြီလား...'

'ဟင့်အင်း..ဖေဖေ့ကို မေမေက မင်းစေ့စပ်တော့မယ့်အကြောင်းကိုတော့ message ပို့ထားတယ်..သူ မအားလို့ စာမပြန်သေးတာနေမှာပါ..ဒါမှမဟုတ်လည်း ဖုန်းပျောက်သွားတာတို့ ဘာတို့လည်းဖြစ်နိုင်တာဘဲလေ...'

'ဟူး...ဘာလို့လဲ မသိဘူးကိုကြီးရာ...ငါ့ရင်ထဲမှာ တစ်မျိုးဘဲ..ခံစားချက်သိပ်မကောင်းသလိုဘဲ...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now