အဲ့နေ့က သူ သက်ကို ချိန်းလို့ သက် သူ့ချိန်းထားတဲ့ အင်းယားကန်ဘက်ကိုထွက်လာခဲ့သည်။
သူပြောတာက သူ သက်ကို အရေးတကြီးပြောစရာရှိလို့လာခဲ့ပေးနိုင်မလားတဲ့...
ဘာများလဲ...???
အတွေးများစွာဖြင့် ကန်ဘက်ကို လျှောက်လာရင်း သက်ရဲ့ ဖုန်းက ထမြည်လာသည်။
'ဟဲလို...'
'ဟဲလို..နှင်း...ဘယ်ရောက်ပြီလဲ...'
သူ့ကိုလေ သက် ဘယ်လိုဘဲပြောပြော သက်ရဲ့ နာမည်ကို ဘယ်တော့မှ မခေါ်ဘဲ နှင်းဟူသော နာမ်စားကိုသာ သုံးပြီးခေါ်လေ့ရှိတာ..အခုဆို သက်လည်း နေသားကျနေပါပြီ..သက်လည်း ထိုအကြောင်းကို စဉ်းစားရင်း
'ဟူး....'
သက်က သက်ပြင်းချတော့ သူက
'နှင်း...ဘာတွေ အဆင်မပြေဖြစ်နေလို့လဲ..သက်ပြင်းတွေချနေတာ...'
'ဘာမှမဟုတ်ပါဘူး..ကိုမိုးမခ...'
သူနဲ့စတွေ့ထဲက သူနာမည်ကို သူက မိုးမခလို့ မိတ်ဆက်ပေးခဲ့တာ..သက်ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်နာမည်နဲ့ တူလို့ သက်တောင် သူ့ကို ရွဲ့မေးလိုက်သေးတယ်...ဒီကားရိုက်ဖို့ နာမည်ပါ ပြောင်းလိုက်တာလားလို့...သူကတော့ ရယ်သာရယ်နေတော့သည်။ဒါနဲ့ သက်လည်း သူ့ရဲ့ မှတ်ပုံတင် ကိုပြခိုင်းတော့ ရေးထားတဲ့ သူ့နာမည်က အမှန်ပင် မိုးမခတဲ့..သူ့အနုပညာနာမည်ကလည်း မိုးမခ...သက် အံ့ဩမိတာတော့ အမှန်ပင်...
'နှင်း...နှင်း..ကိုယ်ပြောတာကြားလား...'
'အာ..အင်း...အတွေးလွန်သွားလို့..ဘာပြောလိုက်တာလဲဟင်...ယူ...'
'အော်..ဘယ်ရောက်ပြီလဲလို့ ကိုယ်မေးလိုက်တာ...'
'အယ်..ဘယ်နားမှာလဲဆိုတော့..'
'နှင်း...ကိုယ့်ကိုတွေ့လား..ဒီမှာ..ကိုယ်ကတော့ နှင်းကို တွေ့ရပြီ...'
မလှမ်းမကမ်းလောက်မှ လက်ပြဝှေ့ယမ်းနေသောသူ့ကို သက်တွေ့ပါပြီ..ဒါကြောင့်..ဖုန်းချကာ..သူရှိရာကို လျှောက်သွားလိုက်တယ်...
အတွဲတွေ အများဆုံးထိုင်တဲ့ ခုံလေးမှာ သက်တို့ နှစ်ယောက် ဝင်ထိုင်လိုက်သည်။
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romansa'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...