Chapter 18(Unicode+Zawgyi)

38 7 0
                                    

မချမ်းသာရင်နေပါစေ

နှင်းလိုချင်ခဲ့တာက ငြိမ်းချမ်းပြီးသာယာတဲ့မိသားစုလေးတစ်ခုပါ

ဘာလို့အမြဲတမ်းဘဲ နှင်းက မိသားစုနဲ့ပတ်သက်ပြီးကံမကောင်းရတာလဲ..

Daddy နဲ့ နှင်းနဲ့ရန်ဖြစ်တဲ့နေ့ကပေါ့

'နှင်း..မင်း ..မင်းရဲ့ mommy ကို ပြန်တောင်းပန်စမ်း'

'ဟင့်အင်း..နှင်းမမှားတဲ့အတွက်နှင်းမတောင်းပန်နိုင်ဘူး daddy..'

'ဟာကွာ..ဒီကလေးတော့...'

'အုန်း....'

စားပွဲပေါ်သို့ ဦးသက်ဆွေတစ်ယောက် လက်ကိုရိုက်ချလိုက်သည်။

'Daddy..လက်မှာသွေးတွေ..'

'မလိုဘူး..နင်ငါ့ကိုလာမထိနဲ့...'

'Daddy ...'

ငိုသံဖြင့် နှင်းတစ်ယောက်ပြောလေသည်။

'Daddy ...daddy ရဲ့မိန်းမက mommy ရဲ့လည်ဆွဲတွေကို ရောင်းဖို့လုပ်နေတာကို နှင်းတွေ့လို့တွေ့တယ်ပြောတာ နှင်းမှားလို့လား..'

'အမလေး..ကိုကြီးရယ်..ကလျာက ဘူးပေါ်မှာဖုန်တွေတက်နေတာတွေ့လို့ ယူသုတ်ပေးနေတာပါ..ဒါကို သမီးလေးက အထင်လွဲနေတာပါ..'

'အန်တီ..မညာပါနဲ့..'

'နှင်း..တော်လောက်ပြီ..ကလျာကမဟုတ်ဘူးလို့ပြောနေတယ်လေ..'

'မဟုတ်ဘူး daddy နှင်းရှင်းပြ...'

'တော်တော့လို့ပြောနေတယ်လေ!!!!'

'Daddy....'

'မင်းအခုထက်ထိ မတောင်းပန်သေးဘူးလား...မီးမီး!!!'

'....'

'ကောင်းပြီးလေ..ဒီလိုမျိုး ပြဿနာရှာတတ်တဲ့ မင်းနဲ့လည်း ငါမနေနိုင်ဘူး...ဒီတော့ ငါအိမ်ပေါ်ကနေဆင်းမယ်..အေ..နင်တို့ထသတ်ချင်ရင်လည်းသတ်ကြတော့...ငါတော့မနေနိုင်တော့ဘူး...'

'ကိုကြီး..'

'မပြောနဲ့...'

'Daddy ..နှင်းကို ဘာလို့ အဲလိုမျိုးကြီးလုပ်ရတာလဲ...daddy...'

'မလာနဲ့...နှင်း..မင်းကလေ..မင်းအမေနဲ့အတူတူဘဲ ..တောင်းပန်ပါတယ်ဆိုတဲ့စကာလေးပြောဖို့တောင် ခေါင်းမာနေတယ်ပေါ့ ဟုတ်လား..မုန်းဖို့ကောင်းလိုက်တာ...'

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now