Chapter 34(Unicode+Zawgyi)

25 7 0
                                    

ရှမ်းပြည်နယ်ရဲ့ လူသူအရောက်အပေါက်နည်းသောအခြေစိုက်စခန်းရဲ့ အခန်းကျဉ်းလေးတစ်ခုတွင် ခွန်းထက်က လူတစ်ယောက်အား အတင်းအကြပ် မေးခွန်းများမေးနေတော့သည်။

Sofa ခုံပေါ်တွင် ခြေထောက်ချိတ်ကာ ခွန်းထက်က အခြားခုံတွင် ခန္ဓာကိုယ်ကို ကြိုးများနဲ့ မြဲမြံစွာ ချည်တုတ်ထားပြီး ခေါင်းငိုက်စိုက်ကျနေသော လူအားကြည့်၍

'ခင်ဗျား...အခုထက်ထိ နှုတ်ပိတ်ပြီးနေဦးမယ်လို့ စဉ်းစားနေတုန်းလား ဦးအဂ္ဂ....'

တဖက်လူက ဘာမှ ပြန်ပြောမလာတော့ ခွန်းထက်လည်း စိတ်တိုလာကာ ထိုလူရဲ့ အနားသို့ သွားလိုက်ရင်း ဆံပင်မှ ဆွဲမလိုက်ကာ

'ဟုတ်ပြီလေ....ကျုပ် ခင်ဗျားကို နောက်ဆုံးတစ်ခေါက် အခွင့်အရေးပေးမယ်...ဒီခေါင်းက သေချာစဉ်းစားပြီးဖြေစမ်း...ကြားလား...'

'...'

'နားထောင်...ကျုပ်တို့နဲ့ ပတ်သက်တဲ့ သတင်းတွေ အချက်အလက်တွေကို ခင်ဗျား သက်သေအနေနဲ့ သိမ်းထားတယ်ဆိုတာသိတယ်...ခင်ဗျား အဲ့တာကို ဘယ်မှာ သိမ်းထားတာလဲ...ပြော..ပြောလေ...'

'....'

'မပြောပြန်ဘူးပေါ့..ဟုတ်လား..သိပ်ပြီးသတ္တိတွေကောင်းနေတာပေါ့..ဟား....!!!!!'

'ခင်ဗျားရဲ့ သတ္တိကိုတော့ ကျုပ်လေးစားပါတယ်...ဒါပေမယ့်လေ..အခုတော့ ခင်ဗျားက အသုံးမဝင်တော့ဘူး...ဆိုတော့ ခင်ဗျားနဲ့ ပါလာတဲ့ လူတွေရဲ့ နောက်ကို လိုက်သွားလို့ရအောင် ကျုပ်က ဖန်တီးပေးရတော့မှာပေါ့...ဟား!!!!!'

ခွန်းထက် ရယ်နေရင်းကနေ စားပွဲပေါ်မှာတင်ထားတဲ့ သေနတ်ကို လှမ်းယူလိုက်ကာ  ဦးအဂ္ဂကို ပစ်ဖို့အလုပ်တွင်

'အော်..မသေခင်လေး ခင်ဗျားကို ပျော်စရာလေးတစ်ခုပြောစရာရှိလို့ ပြောပြပါရစေနော် ဦးအဂ္ဂ....ဒီမှာကြည့်ပါဦး ..ဒါတွေက ဘယ်သူတွေလဲ....'ဟုဆိုကာ ဦးအဂ္ဂရှေ့သို့ ဓာတ်ပုံတွေကို ပစ်ပေးလိုက်တော့ ဓာတ်ပုံလေးများဟာ မြေပြင်ပေါ်ကိုကျသွားလေသည်။

ဦးအဂ္ဂလည်း အမှတ်မထင်ဘဲ ထိုဓာတ်ပုံများစီသို့ အာရုံရောက်သွားပြီး ကြည့်လိုက်တော့ အလွန်ဘဲ ထိတ်လန့်သွားရ​တော့သည်။ပြီးနောက် ပထမဦးဆုံးအနေနဲ့ ဦးအဂ္ဂ တုန်ရီစွာဖြင့် စကားစပြောလာတော့သည်။

Pieces of broken glass(ဖန်ကွဲစများ)Where stories live. Discover now