စူးရှ အခန်းထဲကို ဝင်လာတော့ ကုတင်ဘေးမှာ ပြုံးစိစိလုပ်နေသော မိုးမခနဲ့ ကုတင်ပေါ်မှာစောင်ခေါင်းမီးခြုံထားသော နှင်းကို တွေ့လိုက်ရတာကြောင့်
'ဟယ်...ဒါကဘယ်လိုဖြစ်ရတာလဲ...တစ်ယောက်ကလည်း ပြုံးနေတာ ပါးစပ်က နားရွက်ကို တက်ချိတ်တော့မယ်..နောက်တစ်ယောက်ကျတော့လည်း ကုတင်ပေါ်မှာ ကိုယ်ပျောက်လူသားလုပ်နေတယ်...မင်းတို့တွေနဲ့တော့..ဟင်း...'
စူးရှလည်းစကားပြောပြီးရော နှင်းက စောင်လေးကို ကိုယ်လုံးပေါ်က ဖယ်ကာ
'အစ်ကို...သူ့ကို ခေါ်သွားတော့...'ဟုဆိုကာ နှင်းတစ်ယောက် မိုးမခကို လက်ညိုးထိုးနေတော့သည်။
'အယ်...ကိုယ့်ကို ဘာလို့ နှင်လွှတ်နေရတာလဲ နှင်းရဲ့...ကိုယ်ပြောသားဘဲ...ကိုယ် နှင်းအနားမှာဘဲနေမှာ...နှင်းရဲ့ ဘေးကနေ တဖဝါးမှ မခွာပါဘူးဆို...'
'မရဘူးကွာ...သွား..အစ်ကို နှင်းကို သနားရင် သူ့ကို ခေါ်သွားပါနော်...'
'ကိုစူးရှ..အစ်ကိုက ကျွန်တော့ဘက်ကလား..နှင်းဘက်ကလား...'
'အမလေး...တော်ပါပြီ...ကြားနေဆိုရင်ရော...'
'မရဘူး!!!!'
နှင်းနဲ့ မိုးမခ သံပြိုင် အော်လိုက်တော့ စူးရှတစ်ယောက် လန့်ပြီး ခြေလှမ်းတစ်လှမ်းတောင် ဆုတ်မိလေသည်။ပြီးမှ
'တော်ပြီ..တော်ပြီ...ဟိုကြားဒီကြားဆိုတာ ဝင်ပါတာမကောင်းဘူးလေ...'
စူးရှရဲ့ စကားအဓိပ္ပာယ်ကိုသိသော မိုးမခကတော့ ပြုံးနေသော်လည်း
နှင်းကတော့ စူးရှပြောလိုက်သောစကားကို နားမလည်ဟန်ဖြင့်
'အစ်ကိုက ဘာပြောချင်တာလဲဟင်...နှင်းနားမလည်ဘူး..'
'အတွဲကြားတို့ လင်မယားကြားတို့လိုဟာမျိုးကိုပြောတာ နှင်းရေ..အခုအခြေအနေအရဆိုရင်တော့..အတွဲကြားပေါ့...တော်ကြာ..ဝင်ပါလိုက်လို့ ပဲကြီးလှော်ကြား ဆားညှပ်နေရင် ဘယ်လိုလုပ်မလဲ...'
'ဟင်..အတွဲကြား...ဘယ်ကအတွဲကြားလဲ...'
'ဟိ...ကိုယ်နဲ့ နှင်းနဲ့ကိုပြောနေတာလေ..အတွဲဆိုတာ...'
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...