စေ့စပ်ပွဲမတိုင်မီ တစ်ရက်အလို
'တီ...တီ.....'
'နှင်းရေ...မီးမီး...ခြံရှေ့မှာ ကားဟွန်းတီးသံကြားတယ်..ကောင်လေးရောက်ပြီထင်တယ်...'
ကြီးကြီးညွန့်ရဲ့ ပြောစကားကိုကြားတော့ အပေါ်ထပ်မှ နှင်းက
'ဟုတ်...ကြီးကြီး...နှင်းလာနေပြီ....'
'အေး..အေး..'
နှင်းလည်း လှေခါးမှ ဆင်းဖို့ အလုပ် ဦးသက်ဆွေက
'နှင်း...သမီး...ဒီနေ့က စေ့စပ်ပွဲအတွက် အင်္ကျီသွားဝတ်ကြည့်ရမှာမလား....'
'ဟုတ်..daddy...'
'အေး..အေး...သွား..သွား...ကားကိုလည်း ဖြည်းဖြည်းမောင်းသွားခိုင်းဦး...'
'ဟုတ်ကဲ့..daddy ..ဒါဆို နှင်းသွားတော့ မယ်နော်..mwah...'
'ဟုတ်ပါပြီ...'
အိမ်အောက်ရောက်တော့ ကြီးကြီးက နှင်းရဲ့ အင်္ကျီကို သေချာပြင်ပေးနေရင်း
'မီးမီး..အမလေး..ကြီးကြီးရဲ့ ကလေးလေးတောင် အရွယ်ရောက်လာပြီဘဲ...မနက်ဖြန်ဆိုရင် စေ့စပ်တော့မှာနော်...'
'ကြီးကြီးကလည်း...နှင်းက ကိုယ်နဲ့စေ့စပ်လိုက်ပေမယ့် လည်း ကြီးကြီရယ်..နှင်းက ကြီးကြီးရဲ့ကလေးလေးဖြစ်နေတုန်းပါဘဲနော်..နှင်းကို အချစ်မလျော့ရဘူးနော်..'
'ဟုတ်ပါပြီရှင်...ကလေးလေးတော့မဟုတ်ဘူး ကလေးကြီးပေါ့..ဟား..'
'ကြီးကြီးကလည်း ကွာ...'
'ကဲ..ဟုတ်ပါပြီ ..အဲလို နှုတ်ခမ်းကြီးဆူပုတ်မနေနဲ့ဦး...သွားတော့..လှလှလေးပြုံးပြီး...ကြားလားမီးမီး..'
'ဟုတ်..ကြီးကြီး...mwah...နှင်းသွားတော့မယ်နော်..'
'အေးအေး..'
နှင်းကားပေါ်ရောက်တော့ မိုးမခက အရင်အတိုင်းဘဲ ကားပေါ်ကနေ လက်တစ်ဖက်ကမ်းပေးကာ နှင်းကို တက်လာခိုင်းလေသည်။
နှင်းလည်း မိုးမခလက်ကိုကိုင်ကာ ကားပေါ်သို့ တက်လာလိုက်သည်။ကားပေါ်ရောက်တော့
'ကိုယ်...မေမေတို့..ကိုမိုးနှောင်းတို့ ထားတို့ရော...မပါဘူးလား...'
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...