MMU ၏ main ဆောင်တွင်ဖြစ်သည်။
သဇင်၊ ယမင်း၊ချမ်းမြေ့ တို့သူငယ်ချင်းများ စတုဒီသာအတွက် မုန့်လုံးရေပေါ် များလုံးရင်းအလုပ်ရှုပ်နေသောအချိန်ဖြစ်သည်။
'ဟဲ့...ချမ်းမြေ့...သက်ထားက toilet ခဏဆိုပြီးသွားတာ အခုထိကိုပေါ်မလာသေးဘူး..ဟီ..ဟီ...စောစောကဒီမိန်းမ အစင်လေးတစ်ယောက်နဲ့စကားပြောနေတာတွေ့လိုက်သေးတယ်..ပါသွားပြီလားမသိ'
'အမလေးလေး..ယမင်းမ...နင်ဆိုတာလေ..အဲလိုဟာမျိုးတွေဆိုမြင်တတ်တယ်သိလား..'
'ယမင်း..ချမ်းမြေ့...စကားတွေချည်းအများကြီးမပြောနဲ့ဦး...ဒီမှာမုန့်ဝေတာကကုန်သလောက်ဖြစ်နေပြီ..နင်တို့မြန်မြန် လုံးကြဦး'
'အေးပါဟ...ငါတို့တွေလဲလုံးနေတာဘဲ..ဒါနဲ့ အနှင်းမရော...သူ့ကိုမတွေ့သလိုဘဲ..ချမ်းမြေ့...နင်ရောတွေ့သေးလား'
'Nope...မနက်ကတည်းကမတွေ့တာ..uni မလာဘူးထင်တယ်'
'ကဲ...နင်တို့နှစ်ယောက်ဟာလေ..လုပ်နေတယ်သာပြောတာ..အပြောနဲ့အလုပ်နဲ့တခြားစီရယ်..သူများတွေကိုလိုက်ကြည့်နေတာနဲ့တင် အချိန်ကုန်နေတာကိုများ...'
သဇင် ယမင်းနဲ့ ချမ်းမြေ့တို့ကိုစကားပြောနေရင်း..
'ဒီကညလေး...အစ်ကို မုန့်လုံးရေပေါ် ယူလို့ရသေးလား'
'အော်..ဟုတ်ကဲ့ရှင့်..ရပါတယ်..ဒီမှာပါ'
'အင်း..အင်း...ဒါနဲ့ညလေးကphoto ထဲမှာထက်အပြင်မှာကအရမ်းကြည့်ကောင်းတာဘဲနော်...အစ်ကိုက မြင့်ကိုပါ...EYU ကလေ..ညလေးရဲ့fun ပေါ့'
'ရှင်...ဟုတ်ကဲ့..ကျေးဇူးပါ'
'ဒါဘဲလား...ကျေးဇူးတင်တယ်ဆိုရင်ကိုယ့်ကိုညလေးနဲ့ခင်ခွင့်ပေးလေ..'
'ရှင်...ဟိုဟာလေ..ဒီနေ့လာကြတဲ့လူတွေအားလုံးက ကျွန်မတို့ကျောင်းကဟုတ်ဟုတ် မဟုတ်ဟုတ် အိမ်ရှင်ဖြစ်တဲ့ကျွန်မတို့က နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်..အစ်ကိုမှမဟုတ်ပါဘူး..ဒီကလူတွေအားလုံးကညီမအတွက်တော့ သူငယ်ချင်း၊မောင်နှမတွေပါဘဲ'
'အဲ..အဲလိုပြောတာဟုတ်ဘူးလေညလေးရဲ့'
ထို့သို့ သဇင်တစ်ယောက် အခက်တွေ့နေချိန်မှာတော့
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...