မိုးနှောင်းလည်း ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကို ညီဖြစ်သူ မိုးမခအား အိမ်ရောက်ရောက်ချင်းပြောပြခဲ့သည်။မိမိမှာအားကြိုးမာန်တက်ပြောနေသော်လည်း ညီဖြစ်သူထံမှ 'အော်' ဟူသော တုံ့ပြန်ချက်သာ လက်ခံရရှိခဲ့သောကြောင့် မကျေနပ်ခဲ့။
'ညီညီ..မင်းဟာကလည်း ကိုကြီးကို တခြားပြောစရာ မရှိတော့ဘူးလား..'
'အင်း..'
'အေးတိအေးစက်နဲ့..ရပါလိမ့်မယ်ရည်းစား..ဒီလိုပုံစံနဲ့..ဟင့်..'
'မိုးနှောင်း..မင်းရဲ့ အရှုပ်ထုပ်ကိစ္စကို ငါကလည်းနားထောင်ပေးရသေးတယ်...မင်းအားမနာတတ်ရင်တောင် ဒီလို မပြောသင့်ဘူး..ငါရည်းစားမရတာ ရတာက မင်းနဲ့မှမဆိုင်တာ..'
'ကဲ..ကိုကြီးဘဲ အလျှော့ပေးပါတယ်..ကိုစိတ်တိုလေးရယ်...ပြီးတော့ ကိုကြီးပြောပြနေတယ်ဆိုတာက ညီညီနဲ့လည်းဆိုင်လို့ပါ..'
'မဆီမဆိုင်..ငါက မင်းတို့ကြားထဲ ဘာလို့ပါလာရပြန်တာလဲ..မင်းသူငယ်ချင်းတွေဆိုရင် ဆက်ခွန်းစကလွဲလို့ငါတခြားသိတောင်မသိဘူး..'
'ညီညီ..မင်းကလည်း စကားကို ဆုံးအောင်နားမထောင်ဘူး..ကိုကြီးပြောချင်တာက..မင်း နှင်းနဲ့ ခင်တယ်မလား..ဒါဆို ok ပြီ..'
'ဒီကိစ္စထဲမှာ နှင်းက ပါလာပြန်ပြီလား..မင်းဟာကလည်းရှုပ်နေတာဘဲ..ဟင်း..'
'ဟိုးဆရာလေး..သက်ပြင်းတွေချည်းစွတ်ချမနေနဲ့ဦး..ဒီကိစ္စက မင်းနဲ့ နှင်းက ကူညီမှ ဖြေရှင်းလို့ရမှာ..အကောင်းဘက်ကတွေးရင်တော့ ညီညီ..မင်းသာ ဉာဏ်ကောင်းရင် နှင်းနဲ့မင်းနဲ့ အခုထက်ပိုပြီးနီးစပ်လာနိုင်တဲ့ အခွင့်အရေးတွေအများကြီးရှိတယ်..ဒီကိုကြီးက မင်းအတွက် အကွက်ရွေ့ပေးနေတာကို ညီညီ ..မင်းကျေးဇူးတင်သင့်တယ်..ဟီး..'
'ဒါဆို ငါက ဘယ်လို ကူညီရမှာလဲ..'
'နောက်ဆုံးတော့ နှင်းဆိုတာနဲ့ စိတ်ဝင်စားသွားပြီပေါ့..'
'မင်း..မင်းနော်...ငါမကူညီဘဲနေလိုက်မှာ..'
'အေးပါကွာ..ကိုကြီးက ဒီတိုင်းစနေတာပါ..ဒီလို ညီညီရဲ့ ရန်လေးက နှင်းနဲ့ အရမ်းရင်းနီးတယ် ဆိုတော့ ရန်လေးရဲ့ သတင်းကို နှင်းစီကနေ သိရမယ်လို့ ကိုကြီးတို့က ထင်တယ်..ပြီးတော့ နှင်းနဲ့ ကလည်း ညီညီက ခင်နေတော့ ရန်လေးအကြောင်းကို နှင်းစီကနေ ညီညီက မေးပေးရမှာ..'
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...