မိုးမခ...
ကျွန်တော့ရဲ့'မိုးမခ'ဆိုသောနာမည်ကိုဗေဒင်ဆရာကြီးဦးပညာက ကံကောင်းစေရန်..ဘေးမသိရန်မခဘဲနေနိုင်ရန်..အသက်ရှည်ကျန်းမာစေရန်စသောရည်ရွည်၍ သေချာတွက်ချက်ကာပေးခဲ့သည်။
ကျွန်တော်အခြားအကြောင်းအရာများမပြောပြခင်ကျွန်တော့အကြောင်းအရင်ဆုံးပြောပါရစေ။
ကျွန်တော်နှင့်မိုးနှောင်းသည်အမွှာဖြစ်သည်။သို့သော်မိုးနှောင်းကို June 12,ည12 နာရီတွင် မွေးဖွားခဲ့ပြီး ကျွန်တော်ကတော့ မိုးနှောင်းထက် 13 မိနစ်ခြားကာ June 13,ည12:13မှသာလူ့လောကထဲသို့ရောက်ရှိခဲ့သည်။
သူများတွေပြောစကားအရ ကျွန်တော်ကြားဖူးသည်။13 ...ထိုဂဏန်းသည်ကံမကောင်းမှုနမိတ်ဆိုးများကိုယူဆောင်တတ်သည်ဟူ၍။အမှန်ဆိုရင်သူတို့ပြောတာမမှားနိုင်ဟုကျွန်တော်ထင်သည်။
ဘာကြောင့်လဲ...
ကျွန်တော့ဘဝမှာတစ်ကြိမ်တစ်ခါလောက်တော့ကံကောင်းချင်ပါရဲ့..
အမှန်အတိုင်းပြောရရင်ကျွန်တော့ကိုယ်ကျွန်တော်မုန်းသည်။ကျွန်တော့ကြောင့်ဖေဖေရော၊မေမေရော၊မိုးနှောင်းရောစိတ်ပင်ပန်း၊လူပင်ပန်းဖြစ်လျှင်ကျွန်တော်မကြိုက်။ငယ်ငယ်လေးကတည်းကကိုယ်ခံအားနည်းသောကျွန်တော့ကိုယ်ကိုအပြစ်တင်မိသည်။
ကျွန်တော်ငယ်ငယ်ကမေမေ့ဗိုက်ထဲမှာရှိသင့်တဲ့အချိန်အတိုင်းအတာတစ်ခုထက်ကျော်လွန်ကာနေခဲ့ရတော့အောက်စီဂျင်ပြတ်ပြီးအသက်ရှူရခက်ခဲ့သည်။အောက်စီဂျင်အတော်ကြာပြတ်လပ်မှုကြောင့်ကျွန်တော့နှလုံးမှာအခြားသူများကဲ့သို့ကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့်ဖေဖေ၊မေမေနှင့်မိုးနှောင်းကျွန်တော့ကိုအမြဲတမ်းအရိပ်တကြည့်ကြည့်နှင့်မျက်စိအောက်ကအပျောက်မခံ။
မွေးရာပါနှလုံးအားနည်းသောကျွန်တော့ကိုအခြားသူများလူမမာတစ်ယောက်လိုဆက်ဆံခံရမှာမျိုး၊သနားမှာမျိုးကိုကျွန်တော်ကြောက်သည်။ကျွန်တော့အားနည်းချက်ကိုကျွန်တော့မိသားစုမှလွဲ၍သူများသိသွားမှာကိုကျွန်တော်မလိုလား။
လောကတွင်မိုက်မဲရမ်းကားသောသူများသည်သူတပါး၏အားနည်းချက်ကိုနင်းချေကာမိမိတို့လိုချင်သောအရာကိုယူတတ်သည်ဟူသောဖေဖေ့၏စကားကြောင့်ကျွန်တော့အကြောင်းအားအခြားသူများကိုမပြောပြဖြစ်ခဲ့။
သို့သော်....သူမ...
YOU ARE READING
Pieces of broken glass(ဖန်ကွဲစများ)
Romance'အချစ်ဆိုတာက တခါတလေမှာ စိတ်ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးသော angel တစ်ယောက်လို့ဆိုလို့ရသလိုဘဲ.... အချစ်ကြောင့် ဝမ်းနည်း ပူဆွေး အလွမ်းနာ ကျနေသူတွေကိုမြင်ရပြန်တော့လဲ အချစ်က ရက်စက်လွန်းလှတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်သွားပြန်ရော... ဒါဆို အချစ...