29 (z / u)

661 139 5
                                    

"Merry X'mas … ဘို့ဆွန်းရှီ……"

"Happy New Yearပါ သခင်ကြီး…… "

……………………

နှုတ်ဆက်စကားပြောပြီးတဲ့ နောက်တစ်နေ့မှာပဲ သခင်ကြီးအမေရိကားကို ထွက်သွားခဲ့တယ် ။

" ဟိုမှာ အကုန်ရှိပါတယ် ဆိုကွာ…… "

" ရှိရင် ရှိပါစေ… ယူသွား…  ခများသယ်မှာ မဟုတ်ဘူး…လေယာဉ်နဲ့ ကားက သယ်မှာ… "

လိုအပ်တဲ့ ဖိုင်တွေ စာရွက်စာတမ်းတွေပါတဲ့ အိတ်ကလေးတစ်လုံးတည်း နဲ့ သွားချင်သူကို ပွစိပွစိရေရွတ်ရင်း လိုအပ်မယ့် အဝတ်အစား အသုံးအဆောင်တွေကို ဘတ်ဟျွန်းကိုယ်တိုင် ထုတ်ပိုးပေးလိုက်တယ် ။

အထုတ်အပိုးတွေကို သက်တော်စောင့်တွေ သယ်သွားပြီးတဲ့အထိ ကျန်းမာရေး ဂရုစိုက်ဖို့ ပုံမှန်အိပ် ပုံမှန်စားဖို့ ပွစိပွစိမှာနေမိဆဲ ။ ကားနားအထိ မှာလို့ မဆုံးသေးနိုင်တော့ သခင်ကြီးက ရယ်တယ် ။

" မင်းအစား ကိုယ်မောနေပြီ ဘို့ဆွန်းရှီရယ်…… "

ခပ်တိုးတိုးပြောလိုက်တဲ့ သခင်ကြီးကြောင့် ဘတ်ဟျွန်း ပြောလက်စ စကားတွေကို ရပ်လိုက်တယ် ။ သခင်ကြီးက ပြုံးရင်း ဘတ်ဟျွန်းရဲ့ ပါးလုံးလုံးလေးကို လက်ညိုးထိပ်နဲ့ သာသာလေး ထိတွေ့လိုက်တယ် ။

" ဂရုစိုက်ပေးမယ့် မင်း ရှိနေမှတော့ ကိုယ် ဘာထပ်လိုဦးမှာလဲ…… "

သခင်ကြီးက သူ ဝတ်ထားတဲ့ ကုတ်အင်္ကျီကို ဘတ်ဟျွန်းကိုယ်ပေါ်လွှားခြုံပေးရင်း ပါးချိုင့်ခွက်ဝင်သွားတဲ့အထိ ပြုံးတယ် ။ အဲ့ဒီ အပြုံးချိုချိုလေးတွေရဲ့ နောက်ကွယ်မှာ ဆွေးရိပ်သမ်းနေသေးတယ် ဆိုတာကို ဘတ်ဟျွန်း မင်ရတယ် ။

ဘတ်ဟျွန်း သခင်ကြီးကို ငေးကြည့်နေတယ် ။ ဘတ်ဟျွန်းလက်ရာ ဆွယ်တာကို ဝတ်ဆင်ထားတဲ့ ကျောပြင်ကျယ်ကြီးကို ငေးကြည့်နေတယ် ။ လက်ထဲက တုတ်ကောက်ကို ကားနောက်ခန်းထဲ ပစ်ထည့်လိုက်တာကို ငေးကြည့်နေတယ် ။ ထွက် ခွာသွားတဲ့ကားတွေ မျက်စိရှေ့က ပျောက်သွားတဲ့အထိ ဘတ်ဟျွန်း ငေးကြည့်နေမိတုန်းပဲ ။

WISH (S - 1) [Completed]Where stories live. Discover now