[Unicode]
Theme song :
I'm still Here - Sia
............
Oh, the past, it haunted me .
ငါ့ကိုခြောက်လှန့်နေပါတဲ့ ... အို အတိတ်ရယ်... ။
..................
Heaven စံအိမ် ... ။
အိုက်စလန်နိုင်ငံ... ဟိုင်မေရီကျွန်းရဲ့ အစွန်တစ်ဖက်က ကြီးမားတဲ့ ပိုင်နက်နယ်ဆီက အိမ်တော်ကြီး ။
ကျယ်ပြန့်တဲ့ မီးဖိုခန်း ... မှန်သားနဲ့ ဆောက်လုပ်ထားတဲ့ လျောက်လမ်း... ဧည့်ခန်း... ထမင်းစားခန်း... အားကစားခန်း...လှေကားထစ်အပေါ်ထပ်က အလုပ်ခန်း... အိပ်ခန်း... ။
အခန်းတိုင်းက မီးပန်းဆိုင်းကြီးတွေ ... အပြာရောင် အာရေဗျကော်ဇောတွေ ... စံအိမ်တစ်ခုလုံးကို စိုးမိုးထားတဲ့ ပြာလွင်သောအရောင်လှလှ... ။
Heavenရဲ့ အစိတ်အပိုင်းတစ်ခုချင်းကို ဘတ်ဟျွန်းရင်ထဲမှာ စွဲနေအောင် မှတ်သားနေမိတယ် ။သခင်ကြီး အမေရိကားကို သွားခဲ့တာ နှစ်ပတ်ကျော်သွားခဲ့ပြီ ။ ဘတ်ဟျွန်းကသာ အကြောင်းပြချက်ပေါင်းများစွာကြောင့် ထွက်ခွာမသွားနိုင်သေးတာ ။
ဆောင်းတွင်းဝတ်တွေ ထပ်ဖြည့်ပေးရဦးမယ် ။
ထိုးလက်စဆွယ်တာလေးကို အနားသပ်ပေးခဲ့ရဦးမယ် ။
ကင်မ်ချီတွေ စိမ်ထားတာ မရသေးဘူး ။
သောက်ရမယ့်ဆေးတွေ မှတ်စုနဲ့ မရေးပေးရသေးဘူး ။
အဲ့တာတွေအားလုံးက တပတ်အတွင်းမှာ ပြီးသွားတဲ့အခါ ဘတ်ဟျွန်းအတွက် စောင့်စရာတစ်ခုပဲ ကျန်တော့တယ် ။
ကမ်မိုမိုင်ပွင့်လေးတွေ မခြောက်သေးဘူး ။
" ဘီလီပတ်ခ်......... "
ငေးကြောင်နေမိတဲ့ ဘတ်ဟျွန်းရဲ့ ပခုံးပေါ်သန်မာနွေးထွေးတဲ့ လက်တစ်ဖက်ကျလာတယ် ။ ဟက်သာလျူရဲ့မျက်နှာတည်တည်ကို မြင်တော့ ဘတ်ဟျွန်း ပြုံးရုံသာ ပြုံးပြမိတယ် ။
" Loey... အင်း... မင်းယောက်ျား...
မင်းယောက်ျားက ငါ့ကို မှာသွားတယ်... မင်း သွားချင်တဲ့နေ့မှာ မင်းကို လာန်ဒဲယာဟောဖ် လေဆိပ်အထိ သေချာလိုက်ပို့ပေးလိုက်ပါ တဲ့... "
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel