အိပ်ယာပေါ်က ညင်ညင်သာသာဆင်းသွားတဲ့ လူတစ်ယောက်က သန့်စင်ခန်းဆီ ဦးတည်သွားချိန်…
အိပ်ယာပေါ်မှာ ကျန်ခဲ့တဲ့လူတယောက်ကတော့ အိပ်မက်ကမ္ဘာထဲမှာ လည်ပတ်လို့ကောင်းနေဆဲ… ။…………………………
ဖြန်းကနဲ စင်လာတဲ့ သွေးစက်တွေက အဖြူ ရောင်ကြမ်းပြင်ကို ပေစွန်းသွားစေတယ် ။ ထိုးထွက်နေတဲ့ သံချောင်းကြီးတစ်ချောင်းဟာ ပြုတ်ကျလာတဲ့ လူတစ်ယောက်ရဲ့ ရင်ကို ထုတ်ချင်းပေါက် ဖောက်ထွက်သွားတယ် ။
သံချောင်းပေါ်က အနီရောင်အင်္ကျီဝတ်ထားတဲ့သူဟာ ဘတ်ဟျွန်းရဲ့ ကိုကြီး… ဗြောင်ဝူဟျွန်း……… ။
"ကိုကြီးရေ!!!!!! "
ဘတ်ဟျွန်း စူးကနဲ အော်လိုက်မိတယ် ။
ဝုန်းကနဲ ထထိုင်လိုက်မိတဲ့နေရာက အိစက်တဲ့ အညိုရောင်မွေ့ယာ… ။ နံရံပေါ်မှာ တချပ်ချပ်ပြေးနေတဲ့ နာရီက မနက် ၅နာရီ လို့ ပြနေတယ် ။"ဘို့ဆွန်း……ဘို့ဆွန်းရှီ…… ဘာဖြစ်…… "
ပခုံးကို ထိလိုက်တဲ့လက်တစ်ဖက်ကိုဘတ်ဟျွန်း ဖတ်ကနဲ ရိုက်ချလိုက်မိတယ် ။ ရုတ်တရက်မို့ သခင်ကြီးရဲ့မျက်နှာမှာ အံ့
သြမှုတွေ အပြည့် ။"တောင်း… တောင်းပန်ပါတယ် …… "
ဘတ်ဟျွန်း အိပ်ယာကနေထကာ သန့်စင်ခန်းထဲ အမြန်ဝင်လိုက်တယ် ။ ဘေစင်ကို မှီရပ်ရင်း ထိုးကိုက်နေတဲ့ နားထင်ကို လက်တစ်ဖက်နဲ့ ဖိထားမိတယ် ။
ဘာလို့လဲ…… ဘာလို့များ အရာရာက ဒီလောက်ထိ…
ဘတ်ဟျွန်း အသက်ဝဝရှူ လိုက်တယ် ။
စိတ်ထိန်းစမ်းပါ ဘတ်ဟျွန်း…… လမ်းမချော်စမ်းနဲ့… ။ပြန်အိပ်ဖို့ မဖြစ်နိုင်တော့တာမို့ ဘတ်ဟျွန်း ကိုယ်လက်သန့်စင်လိုက်တယ် ။ သန့်စင်ခန်းထဲက ထွက်လာချိန် အိမ်ထဲမှာ သခင်ကြီး မရှိတော့ ။ ရုတ်တရက်မို့ ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားရတယ် ။
"သခင်ကြီး…… !! "
" ကိုယ် အိမ်အပြင်မှာ… ဘို့ဆွန်းရှီ…… "
ဘတ်ဟျွန်း ရဲ့ အော်သံကို အိမ်အပြင်ဖက်က အသံသြရှရှက တုံ့ပြန်လာတယ် ။ အိမ်အပြင်ကို ဘတ်ဟျွန်း ထွက်ခဲ့တယ် ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel