6(z/u)

1.1K 226 51
                                    

   ကုတ်ကွေးခွေခေါက်ကာ အိပ်နေတဲ့ ကိုယ်ခန္ဓာလေးကို စောင်ပါးလေးလွှားပေးခဲ့ရင်း မဒမ်ယွီ မပီသသော အပြုံးတစ်ခုကို ပြုံးမိတယ် ။

မင်းစိတ်ထဲ ဘာတွေတွေးနေမယ် ဆိုတာ မင်းတယောက်တည်း သိတော့လည်း အခက်သားပဲ ကလေးငယ်……။ 

……………

*ဟေး…… ကလေးလေး…… ထပါဦးကွာ…*

တိုးဖျတဲ့ အသံတစ်ခုက ဘတ်ဟျွန်းကို ခေါ်နေတယ် ။ ဘတ်ဟျွန်း ရဲ့ နားထင်ပေါ်ကျလာတဲ့ နှုတ်ခမ်းတစ်စုံက ပူနွေးလို့… ။

*ဟေ့… ဝ လုံးလေး… စက်ဝိုင်းလေး……… *

ဘတ်ဟျွန်း ရယ်ရင်း မျက်နှာလေးကို ဖွက်မိတယ် ။
ကိုကို စောစောစီးစီး လာနှိုးနေပြန်ပါပြီ ။မနေ့ကလို စက်ဘီးစီး ထပ်သင်ပေးဦးမယ် ထင်ပါရဲ့ ။

*စက်ဝိုင်းလေး……ဟေ့……  *

*စက်ဝိုင်းလေး… *

"ကောင်လေး ထစမ်းကွယ်…… "

ပခုံးကို လှုပ်နှိုးလာတဲ့ လက်တစ်ဖက်ကြောင့် ဘတ်ဟျွန်း မျက်လုံးတွေ ဖွင့်ကြည့်မိတယ် ။ ဘတ်ဟျွန်း အိပ်ပျော်နေတဲ့နေရာက မွေ့ယာအိအိမဟုတ်ဘဲ ကားတစ်စင်းရဲ့ နောက်ခုံဖြစ်တယ်။ဘေးမှာ ဘတ်ဟျွန်းကို ကြင်နာတတ်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ မဒမ်ယွီ ရှိနေတယ် ။

"ကျ… ကျနော်တို့…ဘယ်ကို …  "

"မင်းအလုပ်လုပ်ရမယ့်အိမ်ကို ရောက်နေပြီ ကောင်လေး… "

ဘတ်ဟျွန်း ရဲ့ အိပ်စုံမှုန်မွှားဖြစ်နေခဲ့တဲ့ အသိစိတ်တွေ ခုမှ ပြန်ကြည်လင်လာတယ် ။
ခရီးပန်းလွန်းလို့ အိပ်ပျော်သွားခဲ့တာ မေ့ဖျောက်ထားတဲ့ မှတ်ဥာဏ်တွေကိုတောင် ပြန်မက်လာတဲ့အထိ… ။

"သင်္ဘောပေါ်ကနေ မ ပြီး ကားပေါ်တင်လာတာတောင် တချက်မနိုးဘူး… မင်း အတော်ကို အိပ်နိုင်တာပဲ …… "

မဒမ်ယွီက ရယ်ရယ်မောမောပြောရင်း ကားပေါ်ကဆင်းတယ် ။ ဘတ်ဟျွန်း ဇက်ကလေးကို ပုရင်း မဒမ်ယွီနောက်က ထပ်ကျပ်မခွာလိုက်ခဲ့တယ် ။

ဘတ်ဟျွန်းတို့ စီးနင်းလာတဲ့ကားဟာ လေလုံမိုးလုံကားဂိုထောင်ကြီး တစ်ခုထဲမှာ ရပ်ထားတာ ဖြစ်တယ် ။ ကားဂိုထောင်ရဲ့ အကျယ်အဝန်းက ဘတ်ဟျွန်းကြီးပြင်းခဲ့တဲ့ ဆိုလ်းက အိမ်ကြီး တစ်ခုလုံးနီးပါး ရှိလိမ့်မယ် လို့ ဘတ်ဟျွန်း ခန့်မှန်းမိတယ် ။
သီးသန့်လုပ်ထားတဲ့ ကားဂိုထောင်ကနေ ဘတ်ဟျွန်း တို့ထွက်လာခဲ့တယ် ။ စိမ်းမြမြ အပင်ပုလေးတွေ ကြားမှာ ကျောက်တုံးတွေနဲ့ အလှဆင်ထားတဲ့ ဥယျာဉ်တစ်ခုရဲ့ တဖက်ခြမ်းမှာ ရဲတိုက်ကြီးတစ်ခုလိုကြီးမားတဲ့ အိမ်ကြီးတစ်ဆောင်ကို ဘတ်ဟျွန်း မြင်လိုက်ရတယ် ။

WISH (S - 1) [Completed]Where stories live. Discover now