21(z/u)

843 185 7
                                    

ကိုကြီး နဲ့ သခင်ကြီးရဲ့ ကြားမှာ ဘတ်ဟျွန်း မသိလိုက်တဲ့ အချစ်လုပွဲတစ်ခု ရှိနေခဲ့တယ် ထင်ပါရဲ့ ။
ဒါကြောင့်ပဲ… အရာရာက ဒီလောက်အခြေအနေထိ …

သိပ်အရသာရှိနေသင့်တဲ့ နုနုအိအိပေါင်မုန့်ဟာ ဘတ်ဟျွန်းပါးစပ်ထဲမှာ အရသာမဲ့နေတယ် ။

…………………

"ဗိုခ့်ဆွန်န်ရေ……… "

" တောင်း… တောင်းပန်ပါတယ်………"

အယောင်ယောင်အမှားမှား ဖြစ်နေတဲ့ ဘတ်ဟျွန်းဟာ စားပွဲပေါ်က ပန်းကန်ခွက်ယောက်တွေကို သိမ်းဆည်းရာမှာ ကူညီနေတာနဲ့ မတူ… ။

ပြုတ်ကျနေတဲ့ ဖရုံသီးအပိုင်းအစတွေကို ကုန်းကောက်ဖို့ ပြင်နေတဲ့  ဘတ်ဟျွန်းရဲ့ ပခုံးကို သန်မာတဲ့ လက်တစ်ဖက်က ထိန်းကိုင်လာတယ် ။

"ရပြီ ဗိုခ့်ဆွန်… သွားတော့…… "

" ဗျာ…… ဒါ ပေမယ့်…   "

စားပွဲပေါ်မှာ အများကြီးကျန်နေသေးတဲ့ သိမ်းစရာတွေကို ဘတ်ဟျွန်း ဝေ့ဝဲကြည့်မိတော့ အန်တီဟာပါက ပြုံးတယ် ။

"ဒီမှာ လူအများကြီး…… ဟိုမှာ တယောက်တည်း…  "

တည်းခိုဆောင်ဖက် ကို လက်ညိုးထိုးပြရင်း အန်တီဟာပါက ဘတ်ဟျွန်း ပခုံးကို ပုတ်လိုက်တယ် ။

"အဲ့လောက် မနှေးရဘူး… ကလေးရဲ့ …  သွက်စမ်းပါ… "

အန်တီဟာပါရဲ့ အပြောကြောင့် အနားမှာ ရှိနေတဲ့ လူတွေက ရယ်ကျဲကျဲ ပြုံးစစ။ ဘတ်ဟျွန်း ငိုရခက် ရယ်ရခက် ဖြစ်နေတဲ့ မျက်နှာနဲ့ တည်းခိုဆောင်ဆီကို လှမ်းခဲ့တယ်။ သခင်ကြီးက ကုတင်ခေါင်းရင်းကို မှီပြီး ခြေဆင်းထိုင်ကာ စာအုပ်တစ်အုပ်ကို အေးဆေးထိုင်ဖတ်နေတယ် ။  သခင်ကြီးရဲ့ တည်ကြည်တဲ့ မျက်နှာချောချောက ရေကန်တစ်ခုလို တည်ငြိမ်နေတယ် ။ 

"သခင်ကြီး…… အဆင်ပြေရဲ့လား……  "

"ပြေပါတယ် ဘို့ဆွန်းရှီ……  "

စာအုပ်ကို မျက်နှာက မခွာတမ်း ပြန်ဖြေလာတဲ့ သခင်ကြီးကြောင့် ဘတ်ဟျွန်း သက်ပြင်းချလိုက်မိတယ် ။ သခင်ကြီးရဲ့ ဘေးမှာ ဘတ်ဟျွန်း တင်ပါးလွဲ ထိုင်လိုက်တယ် ။

WISH (S - 1) [Completed]Where stories live. Discover now