37

590 103 34
                                    

[Unicode]

Theme Song on Media :

Heaven - Bryan Adams ( Piano Cello & Violin Version)

…………

လှပတဲ့ ညနေခင်းတစ်ခုဖြစ်တယ် ။ အဖြူရောင်ကောင်းကင်ကြီးဟာ နှစ်တစ်နှစ်ရဲ့ လက်ကျန်နှင်းခါးတွေကို အညှိုးနဲ့သွန်ချနေဆဲပါပဲ ။ 

Heaven အိမ်တော်ရဲ့ ခန်းမကျယ်ထဲမှာ စားပွဲရှည်ကြီးတစ်ခု ခင်းကျင်းထားတယ် ။ စားပွဲပေါ်မှာလည်း အဖြူရောင်ပန်းကန်ခွက်ယောက်တွေကို လှပစွာ ပြင်ဆင်ထားတယ် ။ အစားအစာတွေဟာ စားသောက်ခန်းထဲက စားပွဲတွေပေါ်မှာ အသင့်တည်ခင်းပြီးသား ။

ဆင်တူဝတ်စုံနဲ့သက်တော်စောင့်တစ်စု နဲ့ အိမ်တော်ထိန်းမဒမ်ယွီတို့တစ်စုဟာ ဧည့်ခန်းဝမှာ စုပြုံနေတယ် ။ သူတို့အားလုံးရဲ့မျက်နှာတွေမှာ လှပတဲ့ အပြုံးတွေပြည့်လို့ ။

ထုံးတမ်းစဉ်လာအရ ဘုန်းတော်ကြီးမရှိရင် အသက်အကြီးဆုံးလူက ဘိသိတ်ဆရာအဖြစ် တာဝန်ယူရတယ် ။ အိမ်ကြီးရဲ့ဆင်ဝင်အောက်မှာ တံခါးဝကို ကျောပေးကာ ရပ်နေတဲ့ ပါပါးအန်ဇိုက အဟမ်းကနဲ ချောင်းဟန့်လိုက်တယ် ။

"  သခင်ကြီး… Loey Park … သင်သည် ဘဝတွင် ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မြှောက်ပင့်ချီးမွန်းခံရသည်ဖြစ်စေ ကဲ့ရဲ့ရှုံ့ချခံရသည်ဖြစ်စေ… 
သင့်ဘဝ၏ အခြေအနေအရပ်ရပ်တွင် ဗိုခ့်ဆွန်န် … အဟမ်း … Billie Byun ကို လက်တွဲကာ အတူတကွ ဖြတ်သန်းသွားပါမည်လော … Billie Byunကို လက်တွဲဖော်ဇနီးအဖြစ် လက်ခံပါမည်လော…  "

ဘတ်ဟျွန်းနဲ့ မျက်နှာချင်းဆိုင်ရပ်နေတဲ့ သခင်ကြီးက ဘတ်ဟျွန်းကို ကြည့်ပြီး ပြုံးတယ် ။

" လက်ခံပါတယ်…  "

ဘတ်ဟျွန်း မျက်လွှာချပြီး သခင်ကြီးရဲ့ ရင်အုပ်ပေါ်က ပန်းခက်လေးကိုသာ ကြည့်နေမိတယ် ။ သခင်ကြီးဝတ်ဆင်ထားတဲ့ နက်ပြာရောင်ကုတ်အင်္ကျီနဲ့ ဘတ်ဟျွန်းခြုံထားတဲ့ အပြာရောင်သုံးထောင့်ရှောထည်လေးက ပနံ့သင့်ပြီး လိုက်ဖက်ညီတယ် ။

" သခင်လေး Billie Byun … သင်သည် ဘဝတွင် ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ မြှောက်ပင့်ချီးမွန်းခံရသည်ဖြစ်စေ ကဲ့ရဲ့ရှုံ့ချခံရသည်ဖြစ်စေ… 
သင့်ဘဝ၏ အခြေအနေအရပ်ရပ်တွင် သခင်ကြီး Loey Park ကို လက်တွဲကာ အတူတကွ ဖြတ်သန်းသွားပါမည်လော … Loey Park ကို လက်တွဲဖော်ခင်ပွန်းအဖြစ် လက်ခံပါမည်လော… "

WISH (S - 1) [Completed]Where stories live. Discover now