18 (z/u)

905 198 20
                                    

Fxxk the butterflies !
I feel the whole zool when i'm with you .

ပျံနေတဲ့လိပ်ပြာတွေလောက်ကတော့ တောက်ချလိုက်မယ်…
ကျနော့်နားမှာ ခများသာရှိနေရင် တိရစ္ဆာန်ရုံတစ်ခုလုံး ဒုန်းစိုင်းနေသလိုပဲ … ။

……………………

အိုက်စလန်နိုင်ငံရဲ့ ရာသီဥတုဟာ အအေးလွန်ကဲပြီး ကြမ်းတမ်းတဲ့ အာတိတ်ဝင်ရိုးစွန်းရာသီဥတုအမျိုးအစားဖြစ်တယ်။

[ Artic climate ပါ… ဝင်ရိုးစွန်းဆန်တာခြင်း အအေးပိုင်းခြင်း တူပေမယ့် Polar climate ထပ် အများကြီး ကြမ်းတမ်းပါတယ်…
by the way… …
Polar Climate ရှိတဲ့ Phoenixထဲက နိုင်ငံလေးကို မှတ်မိပါရဲ့လား ? ]

ဒေသခံတွေဟာ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေတဲ့ ကျောက်သားအိမ်တွေကို ဆောက်လုပ်ကြတယ် ။ ကြက်ခြေခတ်သဏ္ဌာန်အမိုးချွန်းလေးနဲ့ ပြတင်းပေါက် တံခါးပေါက်တွေကို သစ်သားနဲ့ ပြုလုပ်တယ် ။ ကြီးမားတဲ့ ခေါင်မိုးပေါ်မှာတော့ တာ့ဖ် (Turf) လို့ခေါ်တဲ့ မြေသားပါတဲ့ မြက်ခင်းအလွှာလိုက်ကို တင်တယ် ။
တာ့ဖ် ဟောက်စ်(Turf house)  လို့ခေါ်တဲ့ မြက်မိုးအိမ်ကလေးတွေကို အဝေးကကြည့်လိုက်ရင် စိမ်းမြတဲ့ တောင်ကမူလေးတွေ လို့သာ မြင်ရလိမ့်မယ် ။

"သခင်ကြီး …… "

"ခဗျာ …  "

ပြောင်သလို နောက်သလို ပြန်ထူးလာတဲ့ သခင်ကြီးကို *တကယ်ကြီးလား* လို့ အဓိပ္ပာယ်ရတဲ့ အကြည့်နဲ့ ဘတ်ဟျွန်း စိုက်ကြည့်လိုက်တယ် ။

"ကိုယ် ဘာလုပ်မိလို့လဲ…… "

ရယ်ရင်း ပြန်မေးလာတော့ ဘတ်ဟျွန်း ခေါင်းလေးယမ်းရင်း အကြည့်လွဲလိုက်တယ် ။ ပြောချင်တဲ့ အကြောင်းအရာကိုတောင် မဆက်နိုင်တော့လောက်အောင်ပါပဲ ။

ဖြူ ဖြူ လုံးလုံး သိုးတွေ ကျက်စားနေတဲ့ မြက်ခင်းစိမ်းကြီးတွေရဲ့ အလွန်မှာ အန်တီဟာပါတို့ အိမ်စုလေးရှိတယ် ။

"အားရီ ရေ… တည်းခိုဆောင်ကို မှတ်မိတယ်မလား…
အန်တီဖွင့်ထားပြီးပြီ…  သွားနှင့်လိုက်တော့ … "

"ဟုတ်ကဲ့…… !! ဂျာရယ် လာခဲ့ ! "

ဂျာရယ့်ကို ကျောပေါ်တင်ကာ လျစ်ကနဲ ပြေးသွားတဲ့ အားရီနောက်ကို ဘတ်ဟျွန်းတို့ လိုက်ခဲ့ကြတယ် ။ အိမ်စုလေးရဲ့ အစွန်က တာ့ဖ်အိမ်လေးထဲကို ဘတ်ဟျွန်းတို့ ဝင်ခဲ့တယ် ။

WISH (S - 1) [Completed]Where stories live. Discover now