ဘတ်ဟျွန်းကို စိုက်ကြည့်နေတဲ့ မျက်ဝန်းညိုတွေဟာ တောက်တောက်ပပ ပြုံးနေလေတယ်… ။
မျက်လုံးလေးတွေ မှိတ်ကျသွားတဲ့အထိ ဘတ်ဟျွန်း ပြုံးမိလေလား…… မသိနိုင်… ။
………………
အန်တီဟာပါရဲ့ ရွာဟာ ဟိုင်မေရီကျွန်းရဲ့ ရှေးအကျဆုံးအပိုင်း ဖြစ်တဲ့ ဗက်စ်မန်နိုင်ယာ(Vestmannaeyjar)ရဲ့ အနောက်ဖက်ဆုံးအပိုင်းမှာ တည်ရှိတယ် ။ သခင်ကြီးရဲ့ အိမ်တော် နဲ့ နှစ်နာရီစာကွာခြားတဲ့ခရီး ဖြစ်တယ် ။
စိမ်းမြတဲ့ မြက်ခင်းပြင်ပေါ် ဖြတ်ပြေးသွားတဲ့ ပင်လယ်လေက စိမ့်နေအောင် အေးတယ် ။ ရန်ဂ်လာဂျစ်ကားကြီးရဲ့ သားရေထိုင်ခုံက နွေးနွေးအိအိ… လေထဲမှာ ပန်းရိုင်းတွေရဲ့ ရနံ့က တချက်တချက် သင်းပျံ့လာတယ် ။
[ Hour မှာ *H*သံကို ဖျောက်ပြီး အာဝါ လို့ ထွက်သလိုပါပဲ… Wrang / Wreck မှာ*W*သံကို ဖျောက်ပြီး ရန်းဂ် / ရက်ဂ် လို့ ဖတ်ပါတယ်……
Wrangler - ဝက်ဂ်လာ / Wrecking - ဝက်ဂ်ကင်း လို့ ဖတ်နေမိတဲ့သူ ရှိရင် Congratulationပါ ! မှားပါပြီ… ]ဘတ်ဟျွန်းတယောက် ငိုက်မြည်းတယ်… သန်းဝေတယ်… နောက်ထပ် ငိုက်မြည်းတယ် … ။
ထရပ်ကားကြီးရဲ့ ကားဟွန်းတီးသံ ကျယ်ကျယ်လောင်လောင်ကြီးကို ကြားလိုက်ရတယ် ။ ကားနှစ်စီးလုံးရဲ့ အရှိန်က သိသိသာသာ လျော့သွားပြီးနောက်မှာ လုံးလုံးလျားလျား ရပ်လိုက်တယ် ။ လွှင့်မြောနေတဲ့ အိမ်မက်ကမ္ဘာထဲက ဘတ်ဟျွန်းလေး ဆတ်ကနဲတုန်ကာ နိုးလာတယ် ။"ကျစ်…… ကျယ်လိုက်တဲ့အသံ …… "
မျက်ခုံးနှစ်ခု ထိတော့မတတ် တွန့်ချိုးထားတဲ့ သခင်ကြီးဆီက ခပ်အုပ်အုပ်အသံတစ်ခု ထွက်လာတယ် ။ ဘတ်ဟျွန်း မျက်တောင်စင်းစင်းလေးတွေကို ခပ်မြန်မြန် ခတ်လိုက်တယ် ။ ကားမောင်းရရင် ပျော်နေတတ်တဲ့ လူက စိတ်တိုနေတယ် တဲ့လား… ။
ဘတ်ဟျွန်း စိတ်ထဲက အတွေးတွေက ကားဘေးတစ်ဖက်တစ်ချက်မှာ ပြေးလွှားနေတဲ့ အဖြူ ရောင် လှိုင်းလုံးတွေကို မြင်တဲ့ခဏမှာ ကုန်စင်သွားတယ် ။
" သိုးတွေ…… သိုးတွေမှ အုပ်လိုက်ကြီး… "
ချိုကောက်ကောက် နဲ့ အမွှေးပွပွ ပိုင်ဆိုင်တဲ့ အိုက်စလန်သိုးဖြူ ဖြူ တွေဟာ ကားတွေရဲ့ တဖက်တချက်ကနေ ပြေးလွှားနေကြတယ် ။ ရိုးသားဟန်ရှိတဲ့မျက်နှာလေးတွေက အမွေးပွဖြူ ဖြူ တွေကြားမှာ နစ်မြုပ်နေတယ် ။ အပြစ်ကင်းတဲ့ အဖြူ လုံးလေးတွေရဲ့ နောက်မှာ ရွှေရောင်အမွှေးပွပွတွေကို ပိုင်ဆိုင်တဲ့ ရှာ့ပ်ဟဒ်(Shepherd) သိုးထိန်းခွေးတွေ လိုက်လာတယ် ။

STAI LEGGENDO
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel