သူနဲ့ ဘတ်ဟျွန်းဟာ ဦးတည်ရာချင်း ဆန့်ကျင်ဖက်... ။
.....................
ပူနွေးတဲ့ Green Tea... အငွေ့တထောင်းထောင်းထနေတဲ့ ဘလက်ကော်ဖီ... သူတို့ကို လှပတဲ့ ကြွေထည် လက်ဖက်ရည်အိုးနှစ်လုံးထဲမှာထည့်ထားတယ် ။ ဘေးနားက ကြွေခွက်ငယ်လေးတွေနဲ့ လက်ဖက်ရည်အိုးတွေကို တွဲဖက်မြင်ရတာက *Beauty and the Beast* ကာတွန်းကားထဲက ရေနွေးခရားအိုး သားအမိကို သတိရသွားစေတယ် ။
"ဖြေးဖြေးတက်လာချည်... "
ဘတ်ဟျွန်းရဲ့လက်ထဲမှာ လက်ဖက်ရည်အိုးတွေ ခွက်တွေ ထည့်ထားတဲ့ လင်ပန်းကို ကိုင်ထားတယ် ။ ကွဲရှတတ်တဲ့ ပစ္စည်းတွေကို ကိုင်ရင်း ကွေ့ကောက်တဲ့ လှေကားထစ်တွေကို ဖြေးဖြေးချင်း ဖြတ်ကျော်ရတာက ဘတ်ဟျွန်းအတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
"အဆင်ပြေရဲ့လား ကောင်ကလေး...... "
မဒမ်ယွီက ပြုံးစစမျက်နှာနဲ့ ဘတ်ဟျွန်းကို ကြည့်နေတယ် ။ လှေကားထစ်ရဲ့ အပေါ်ကို ရောက်သွားတာ သေချာမှ ပါးထဲမှာစုထားတဲ့ လေတွေကို ဖူးကနဲ မှုတ်ထုတ်လိုက်မိတယ် ။
" ဟုတ်... ပြေပါတယ်... "
ခေါင်းလေးကို ဆတ်ကနဲ ငြိမ့်ရင်း ဖြေလိုက်တော့ မဒမ်ယွီက သဘောတကျရယ်ရင်း ကျောကို သာသာလေးပုတ်လိုက်တယ်။ လှေကားထစ်ကနေ ခြေလှမ်းနည်းနည်း လျောက်လာရင် အခန်းတံခါးတစ်ခုကို မြင်ရတယ် ။ တံခါးဝမှာ သက်တော်စောင့်နှစ်ဦးဟာ ငြိမ်သက်မားမတ်စွာ ရပ်နေကြတယ်။
"သခင်ကြီးရဲ့ အပေါ်ထပ်က တစ်ခန်းတည်းပဲ... ဒါပေမယ့် အကန့်သုံးခုရှိတယ်... ရှေ့ဖက်အကန့်က အလုပ်ခန်း... နောက်ဖက်အကန့်က အိပ်ခန်း...
အလုပ်ကိစ္စနဲ့လာတဲ့သူ ပဲ ဖြစ်ဖြစ်... သန့်ရှင်းရေးအတွက် လာတဲ့လူပဲ ဖြစ်ဖြစ်... ရှေ့ဖက်အကန့်ကိုပဲ ဝင်ခွင့်ရှိတယ်... နောက်ဖက်အကန့်ကို ခွင့်ပြုချက်မရှိဘဲ မဝင်ရဘူး... "
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel