5(z/u)

1.2K 221 21
                                    

ပြန်လမ်းမဲ့သော ခရီးကို စပြီးပြီ…။

အဆုံးထိ ဆက်လျောက်ဖို့သာ ကျန်တော့တယ် ။

……………………

ပစ္စုပ္ပန်ကာလ…… ။

Landeyjahofn ferry terminal, Iceland .
လန်ဒယ်ယာဟောဖ်န် ကမ်းလွန်ဆိပ်ကမ်း ၊ အိုက်စလန်နိုင်ငံ ။

Iceland… အိုက်စလန်…  ပင်လယ်ပျော် သူရဲကောင်း ဗိုက်ကင်း(Viking)တို့ရဲ့ ဇာတိမြေ… ။
*How To Train Your Dragon* ကာတွန်းကားရဲ့ နောက်ခံ နိုင်ငံ… ။
( Frozen က နော်ဝေ(Norway) ကပါ… )

အိုက်စလန်နိုင်ငံကို *Land of Fire and Ice* 'ရေခဲနဲ့ မီးတို့ရဲ့မြေ 'လို့ခေါ်ဆိုကြတယ် ။ ဒီလို ခေါ်ဝေါ်ရတဲ့အကြောင်းအရင်းက ပင်လယ်ထဲက ထိုးထွက်နေတဲ့ မီးတောင်ရှင်ကို ရေခဲပြင်တွေက ပတ်လည်ဝန်းရံထားလို့ပါပဲ ။
အငွေ့တထောင်းထောင်းထနေတဲ့ မီးတောင်မြေ… ဒါပေမယ့် သွေးတွေ ခဲတဲ့အထိ အေးတယ်။ ဒီလိုနေသာတဲ့နေ့မှာတောင် အအေးပိုင်းပင်လယ်ဆီကလာတဲ့လေက အရိုးတွေထဲထိ စိမ့်ကနဲ အေးသွားစေတုန်းပဲ ။

တောင်ဖက်အစွန်ဆုံးမှာရှိတဲ့ လန်ဒယ်ယာဟောဖ်န် ကမ်းလွန်ဆိပ်ကမ်းမှာ ကုန်တင်ကားတစ်စီးထိုးရပ်လာတယ် ။ ကားရှေ့ခန်းကနေ ကျောပိုးအိတ်အကြီးကြီးကို ပိုက်ထားတဲ့ လူငယ်လေးတစ်ယောက် ဆင်းလာတယ် ။လူငယ်လေးရဲ့ မဲနက်တဲ့ ဆံပင်တိုတိုတွေက ဆီမလူးထားသလို ဖွာကျဲနေတယ် ။ မျက်နှာတခြမ်းဟာ နီရဲပြီး ရှုံ့တွနေတဲ့မီးလောင်ဒဏ်ရာကြောင့် စက်ဆုတ်စရာကောင်းနေသလို စာနာသနားစဖွယ်လည်းဖြစ်နေတယ် ။

"ဘယ်… ဘယ်လောက် ပေးရမလဲ ဦးလေး…… "

မျက်နှာလေးကို မသိမသာကွယ်ရင်း မေးလာတဲ့လူငယ်လေးကို ကားဆရာကြီး သနားမိသွားတယ် ။

"မပေးပါနဲ့တော့ ကလေးရယ်……  "

"ကျေးဇူးတင်ပါတယ် …  "

"ရပါတယ်… လူငယ်လေး……  လမ်းမှာ အဆင်ပြေပါစေ…"

အိုက်စလန်လူမျိုးတွေဟာ မိခင်ဘာသာဖြစ်တဲ့ အိုက်စလန်ဘာသာအပြင် နိုင်ငံတကာသုံးအင်္ဂလိပ်ဘာသာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးနှုန်းနိုင်ကြတယ် ။
ဒီအချက်က မှန်တယ်ဆိုတာကို ကဲဖ်လာဗစ်(Keflavik) အပြည်ပြည်ဆိုင်ရာလေဆိပ်မှာကတည်းက ဘတ်ဟျွန်း သိခဲ့ရတယ် ။

WISH (S - 1) [Completed]Where stories live. Discover now