20 (z/u)

861 195 19
                                    

ခနုသ် (Knud) ဆိုတာ ဗိုက်ကင်းခေတ်ကသုံးခဲ့တဲ့ ရှေးဟောင်း နော့စ်စကားလုံးဖြစ်ပြီး ဆက်ထုံး (knot) လို့ အဓိပ္ပာယ်ရတယ်။

ပြတ်သွားတဲ့ကြိုးနှစ်စ…
သူတို့ကို တဖန်ပြန်ညှိတွယ်မိကြစေချင်ရင် ကြိုးနှစ်ဖက်ကို  ဆက်ပြီး အထုံးလေး ထုံးပေးရလိမ့်မယ်။

……………………

အိုက်စလန်နိုင်ငံဟာ ဘာသာစကားနဲ့ပတ်သတ်ရင် လေးစား စရာကာင်းတယ် လို့ ပြောရမယ်။ 
နှစ်ထောင်ချီကြာခဲ့ပြီ ဖြစ်တဲ့ ရှေးဟောင်းဗိုက်ကင်းဘာသာကို မပျောက်ပျက်အောင် ထိန်းသိမ်းပြီးပြောကြတယ် ။ စမတ်ဖုန်းလိုမျိုး နည်းပညာသစ် ပစ္စည်းအသစ်ပေါ်လာရင်တောင်မှ အင်္ဂလိပ်စကားလုံးကို မွေးစားပစ်တာမျိုးမလုပ်ဘဲ စာလုံးသစ်တွေ တီထွင်လိုက်ကြတယ် ။

"Til hamingju með afmælið !!! (Happy Birthday) "

ပျော်စရာမွေးနေ့ပွဲပါ လို့ သံပြိုင်ဆုတောင်းလိုက်ကြတော့ မွေးနေ့ရှင်အန်တီဟာပါက လှလှပပရယ်တယ် ။

လှပတဲ့ ရွှေအိုရောင်ညနေခင်း… ။
မြက်ခင်းပေါ်က စားပွဲရှည်ကြီးပေါ်မှာ ကောင်းမွန်တဲ့ စားစရာတွေ အပြည့်ရှိနေတယ် ။ အာလူးနဲ့ ပေါင်းထားတဲ့ ပူစပ်စပ် သိုးသားဟင်း… Skyr လို့ခေါ်တဲ့ နို့မလိုင်… Rye လို့ခေါ်တဲ့ စပါးနှံတစ်မျိုးကနေ လုပ်ထားတဲ့ ဆန်ပေါင်မုန့်… ဖရုံသီးထဲကို ထည့်ချက်ထားတဲ့ ပင်လယ်စာပေါင်း… အချိုပွဲအတွက် အိုက်စလန် ရေခဲမုန့်… ။အနံ့အရသာနဲ့ ပြည့်စုံတဲ့ အိုက်စလန်ရိုးရာဟင်းတွေကို ပါပါးအန်ဇိုက ကူညီပြီး ချက်ပြုတ်ပေးခဲ့တယ် တဲ့ ။
မဒမ်ယွီက ပြုံးနေတယ် ။ အားရီ နဲ့ ဂျာရယ်ကလည်း ရယ်မောလို့… ။ တစ်ရွာလုံးက လူတွေက အုတ်အုတ်ကျက်ကျက်ပြောဆိုရင်း စားသောက်နေတယ် ။
စားပွဲဝိုင်းမှာ တိတ်ဆိတ်နေတဲ့ တယောက်တည်းသောသူက ဘတ်ဟျွန်း ပဲ ဖြစ်မယ် ထင်ပါရဲ့ ။

ဘတ်ဟျွန်းရဲ့ မျက်လုံးတွေက မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သခင်ကြီးဆီမှာ ။ သိုးသားပေါင်းကို အေးဆေးစွာ သုံးဆောင်နေတဲ့ သခင်ကြီးရဲ့ဘေးမှာ အတွင်းရေးမှူး ဟက်သာလျှူ  ရှိနေတယ် ။ အစားကို ဣနြေ္ဒရရစားသောက်နေပုံက သခင်ကြီးရဲ့ဘေးမှာ လက်တွဲဖော်အဖြစ် ရှိနေသင့်တဲ့ တယောက်တည်းသောသူဟာ သူမပါ လို့ ပြောနေသလိုပဲ ။

WISH (S - 1) [Completed]Where stories live. Discover now