ချစ်ခြင်းဟာ နာကျင်ခြင်းရဲ့ ကြားခံနယ်လား…
ဒါမှမဟုတ်… သန့်စင်တဲ့ နာကျင်မှု သပ်သပ်လား……။
……………………………
" လှလိုက်တာ…… "
ရိုးတံရှည် အဝါရောင်ပန်းပွင့်လေးတွေပွင့်နေတဲ့ လူတစ်ရပ်စာ အပင်တစ်ပင်ကို ဘတ်ဟျွန်း ငေးကြည့်နေမိတယ်။
ရာသီကူးချိန်အရွက်လဲစပြုနေတာမို့ စိမ်းမြတဲ့ အရွက်ဝိုင်းတွေက ကျို့တို့ကျဲတဲ ။ တောက်ပတဲ့လိမ္မော်ရောင်ရှိတဲ့ လက်မနဲ့လက်ညိုးတစ်ဝိုင်းစာအသီးလုံးလေးတွေက အရွက်ကျဲကျဲတွေကြားကနေ ထိုးကျနေတယ် ။" ကိုကိုလေး နေရာမှာ ဂျာရယ်သာဆိုရင် အဲ့အသီးကို သွားမထိဘူး…… "
အပင်တွေအကြောင်းအတော်အသင့်နားလည်တဲ့ ဂျာရယ်ရဲ့စကားကြောင့် ဘတ်ဟျွန်း လှမ်းလက်စလက်ကို ပြန်ရုတ်လိုက်တယ် ။ ပါပါးအန်ဇိုက တခိခိရယ်ရင်း မေးတယ် ။
" ဗိုခ့်ဆွန်… တစွေ့ခုန်အဆိပ် ဆိုတာကို ကြားဖူးလား… "
|[ Willow s-1 ကို ဖတ်ဖူးပါက ကြားဖူးနိုင်ပါတယ်…
.
.
.
by the way… updateမလုပ်သေးပါဘူး လို့ ပြောနေပါတယ်…update လို့ ထပ်မအော်ပါနဲ့ … ၂ခါ မပြောချင်ပါဘူး… မောလို့ပါ…
မကျေနပ်ရင် ကျုပ်ဆီလာ plotယူပြီး ကိုယ်တိုင်သာ ရေးကြပါတော့… ဟုတ်ကဲ့… ]|တစွေ့ခုန်အဆိပ် ဆိုတာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက မုဆိုးကျော်တွေရဲ့ မြားထိပ် လှံထိပ်တွေမှာ သုတ်လိမ်းထားလေ့ရှိတဲ့ အဆိပ်တစ်မျိုး ဖြစ်တယ် ။
အနောက်တိုင်းမှာတော့ မြားဆိပ်ဖား (Dart Frog) ရဲ့အရေပြားမှာရှိသော အကျိအချွဲ ကို မြားဆိပ်အဖြစ် အသုံးပြုတယ် ။ အရှေ့တိုင်းမှာတော့ မြားဆိပ်အဖြစ် အသုံးများတဲ့ အပင်နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ဂဠုန်လက်သည်းပန်းပင် သို့မဟုတ် ဆီမီးတောက်ပင် (Flame Lily) လို့ခေါ်တဲ့ နွယ်ပင် ဖြစ်တယ် ။" နောက်တမျိုးကကော…… "
"ကိုကိုလေး ရှေ့က အပင်လေ…… "
ဘတ်ဟျွန်းရှေ့က ဒီအပင်ဟာ ခပေါင်းပင် ဖြစ်တယ်။ စရက်ခ်နော့စ်(Strychnos) လို့ လည်း ခေါ်သလို နက်ဇ် ဗော်မီကာ (Nux-Vomica) လို့လည်း ခေါ်ပါသေးတယ် ။ သူရဲ့အစေ့ကို အခြောက်လှမ်းကာ အမှုန့်အဖြစ် ထုထောင်းတယ် ။ အနံ့ကင်းတဲ့ အမှုန့်ဖြူ ဖြူ တွေမှာ စရက်ခ်နင်း(Strychnine) လို့ခေါ်တဲ့ ခါးသက်သော အယ်ကာလွိုက်(alkaloid)တွေ ပါဝင်တယ် ။ ဒီအမှုန့်တွေကို ပမာဏနည်းရင် သာမာန် ဖျားနာခြင်းတွေကို ကုတဲ့ ဆေးအဖြစ် အသက်တချောင်းကို ကယ်ဖို့ သုံးနိုင်ပြီး ပမာဏများရင်တော့ အနံ့မဲ့ပြီး ခါးသက်တဲ့ တစွေ့ခုန်အဆိပ်အဖြစ်နဲ့ အသက်တစ်ချောင်းကို အဆုံးသတ်ဖို့ သုံးတယ် ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel