မကြာတော့ပါဘူး ပတ်ချန်းယောလ်ရှီ……
ကျနော် ခများကို သတ်နိုင်တော့မှာပဲ ။……………
အောက်တိုဘာလရဲ့အစပိုင်း ဖြစ်တယ် ။
အိုက်စလန်နိုင်ငံရဲ့အပူချိန်အမြင့်ဆုံးဒေသ ဖြစ်သော ဟိုင်မေရီကျွန်းမှာတောင် မြူ ခိုးတွေဝေစ ပြုလာတယ်။ဆောင်းဝင်စ ဆောင်းဦးကာလမို့ နီနီဝါဝါ ရော်ရွက်တွေဟာ ဥယျာဉ်တစ်ခုလုံး အပြည့်ဖြစ်နေတယ် ။ဒီတိုင်းကြည့်ရင် အလှဆုံးမြင်ကွင်းဟာ တံမြက်စည်းနဲ့တွဲကြည့်လိုက်တဲ့အခါ အတော်လေး ရုပ်ဆိုးတဲ့ မြင်ကွင်းဖြစ်သွားတယ် ။
ဘတ်ဟျွန်း တံမြက်စည်းကို ပစ်ချပြီး အနားက သစ်ပင်လေးအောက်မှာ ငုတ်တုတ်ထိုင်ချလိုက်တယ် ။ ဘေးမှာ လာထိုင်တဲ့ ဂျာရယ်လေးက သိမ်နေတဲ့ ညာခြေထောက်လေးကို ဖွဖွလေး ဖိနှိပ်နေတယ် ။
"ခြေထောက်က နာတာလား ဂျာရယ်……"
"လမ်းလျောက်တာများသွားပြီလေ… ကိုကိုလေးရဲ့… "
ဂျာရယ်က သစ်ပင် ပင်စည်ကို မှီပြီး မျက်လုံးတွေကို မှိတ်ထားတယ် ။ ဘတ်ဟျွန်း နဖူးထောင့်မှာ စို့နေတဲ့ ချွေးစလေးတွေကို လက်ခုံနဲ့ပွတ်သုတ်လိုက်တယ် ။ အရေပြားတုက ချွေးတွေကြောင့် ယားကျိကျိနဲ့ အနေခက်လာသလိုပဲ ။
"ဟိုနားကနှစ်ယောက် … သွားနားကြချည်တော့… ကျုပ်တယောက်တည်း နိုင်တယ်… "
"မနားပါဘူး… တခြံလုံး နီးပါးကျန်တာကို ……"
"ဒီလောက်ကတော့ အပျော့ပဲ… ဟဲ ဟဲ ဟဲ … "
စွတ်ကျယ်လက်တိုနဲ့အားရီက အရွက်လှဲတဲ့ တံမြက်စည်းကြမ်းကြီးကို ပခုံးပေါ် ဟန်ပါပါထမ်းရင်း တဟဲဟဲ အော်ရယ်နေတယ် ။ အင်္ကျီလက်မောင်းတွေကို လိပ်တင်ထားတာကြောင့် ပုလွေရိုးလက်မောင်းလေးက အထင်းသား ။
အားရီရဲ့အားကိုးချင်စရာ ပုံစံကြောင့် ဂျာရယ် နဲ့ ဘတ်ဟျွန်း ခေါင်းချင်းဆိုင်ကာ ခွီးကနဲ ရယ်လိုက်ကြတယ် ။"ဟေ့… ရယ်မနေနဲ့… Kuài Zǒu!! သွားကြတော့… "
တံမြက်စည်းကြမ်းကို ဟန်ပါပါ ဝေ့ယမ်းပြလာတဲ့ အားရီကို ထားခဲ့ပြီး ဘတ်ဟျွန်းနဲ့ ဂျာရယ် ထွက်လာခဲ့တယ် ။ ဘတ်ဟျွန်းက ရယ်နေနိုင်ပေမယ့် ခြေလှမ်းတွေယိုင်နေတဲ့ ဂျာရယ့်မျက်နှာလေးက ရှုံ့မဲ့နေတယ် ။

YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel