အနည်းဆုံးတော့……
ခများတယောက်တည်း မကျန်ခဲ့စေရဘူး ပတ်ချန်းယောလ်… ။………………
" ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံက မလုံလောက်ဘူးလို့ မင်းထင်တာလား…… "
ဘတ်ဟျွန်း မျက်မှောင်ကို ကျုံ့လိုက်မိတယ် ။ ဒီလူဆီက ဒီလိုစကားမျိုး ထွက်လာမယ်လို့ မထင်ခဲ့ရိုးအမှန်ပဲ ။
" ဘယ်နေရာမှာနေနေ ဘယ်အလုပ်ကိုလုပ်လုပ်… လူက လူပါပဲ… ခင်မင်မှု က မိသားစုလိုပဲ အဖိုးတန်ပါတယ် တဲ့……ဒါ ကျနော့်ကို တစုံတယောက် သင်ပေးဖူးတာတွေပါ… "
ကွန်ပျူ တာကို အကြည့်မပျက်တဲ့ သခင်ကြီးဆီက ဟက်ကနဲ ရယ်သံတချက်ကို ကြားလိုက်ရတယ် ။
"အဲ့ဒီတစုံတယောက်က ကျပ်မပြည့်တဲ့ အရူးပဲဖြစ်မယ်… "
ဟုတ်တယ်… အဲ့လူက အရူး… ။ ကျနော့်ရှေ့မှာထိုင်နေတဲ့ ခများက အရူးကြီး … ။
"သခင်ကြီးက တယောက်တည်းနေချင်မှတော့…… "
ဘတ်ဟျွန်း သခင်ကြီးကို ဦးညွှတ်ပြီး တံခါးဆီကို ဦးတည်လိုက်တယ် ။ တံခါးရွက်ကို လှမ်းလိုက်တဲ့ ဘတ်ဟျွန်းလက်တွေ က သိသိသာသာ တုန်ယင်နေတယ် ။
" ဒီလိုပဲနေသွားတော့မှာလား သခင်ကြီး…… "
ဘတ်ဟျွန်း လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိတယ် ။ တင်းနေအောင်ကြိတ်ထားတဲ့ အံသွားတွေဆီက ကျိကနဲ အသံထွက်လာတယ် ။
" မရယ်မပြုံးဘဲ… စိတ်လည်းမပျော်ဘဲ… တကယ် ဒီအတိုင်းပဲ နေသွားတော့မှာလား……… "
သိသိသာသာ တုန်ယင်လာတဲ့ အသံကို ဘတ်ဟျွန်း မထိန်းနိုင်တော့ ။ နောက်ကျောဖက်က တစုံတယောက်ရဲ့ စိုက်ကြည့်ခြင်းကို ဘတ်ဟျွန်း အလိုလို သိနေတယ် ။
*ငယ်ငယ်… ကလေးလေး………*
* ဝအောင် ငိုပြီးရင် ကိုကို့ကို ရယ်ပြပါဦးကွာ……… *
ချော်လဲလို့ ဖျားနာလို့ ငိုမိတိုင်း…… ကိုကြီးဆူလို့ ကျိတ်ငိုမိတိုင်း…… အချိန်တိုင်းမှာ အဲ့ဒီလူ ရှိနေခဲ့ဖူးတယ် ။ ဟက်ဟက်ပက်ပက်ရယ်သံတွေ…… စနောက်ပြုံးပျော်နေတတ်တဲ့ ပုံရိပ်တွေ… ဒါတွေနောက်မှာ ပါလာလေ့ရှိတဲ့ တောက်တောက်ပပ အပြုံးလေးတွေ… ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel