1(z/u)

2.2K 287 35
                                    


လွန်ခဲ့သော ၁၅နှစ်…… ။

Seoul… Republic of Korea… ။
ဆိုးလ်မြို့ … ကိုရီးယားသမ္မတနိုင်ငံ… ။

…………………

အသက်၅နှစ်အရွယ် ဘတ်ဟျွန်းလေးဟာ တောက်ပနေတဲ့ ဆိုင်းဘုတ်ကြီးကို မော့ကြည့်လိုက်တယ် ။ ခေါင်းလုံးလုံးကလေးကို မော့လိုက်တော့ ရွှေရောင်သမ်းတဲ့ ပျားရည်ရောင်ဆံပင်အိအိလေးတွေက ဂုတ်သားဖြူ ဖြူ လေးပေါ်မှာ ဝေ့ဝိုက်သွားတယ် ။

" အာပါး…အာပါး …… အဲ့တာ ဘာရေးထားတာလဲဟင်… အငယ့်ကို ဖတ်ပြ……  "

လက်သေးသေးလေးနဲ့ ဆုတ်ကိုင်ထားတဲ့ အာပါးရဲ့လက်ဖဝါးကြီးကို ယမ်းခါရင်း မေးမိတော့ အာပါးက ပြုံးတယ် ။

" *ရှင်းဟွာ အထက်တန်းကျောင်း* လို့ ရေးထားတာ အငယ်လေးရဲ့… "

အဖြူ ရောင် ကျောက်သားအောက်ခံမှာ ထင်းလင်းထင်ရှားနေတဲ့ ရွှေရောင်စာလုံးတွေကို ငေးကြည့်နေတဲ့ ကလေးလေးရဲ့ မဟူရာရောင်မျက်ဝန်းလေးတွေက တောက်ပနေတယ် ။
*ငါကြီးလာရင် ဒီကျောင်းမှာပဲ တက်မယ်* ဆိုတဲ့ အိမ်မက်လေးကလည်း လက်ကနဲ ပေါ်ပေါက်လာတယ် ။

" ဒါ ကိုကြီးရဲ့ ကျောင်းပေါ့နော်……… "

"ဟုတ်တာပေါ့…… "

အာပါးက ဘတ်ဟျွန်းလေးရဲ့ ချစ်စရာကောင်းမှုကို သည်းမခံနိုင်တော့ဟန်နဲ့ တုတ်တုတ်လုံးလုံးကိုယ်ခန္ဓာလေးကို ညင်ညင်သာသာ ပွေ့ချီလိုက်တယ် ။

" အငယ်လေးရဲ့ကိုကြီးဆီ သွားကြမလား…  "

မျက်လုံးလေးတွေ မှေးကျသွားတဲ့အထိရယ်ရင်း *ဟုတ်* လို့ အော်ပြောလိုက်တော့ ဘတ်ဟျွန်းလေး ရဲ့ ပါးအိအိလေးက တုန်ကနဲ ။ အာပါးက ဘတ်ဟျွန်းလေးရဲ့ ပါးအိအိလေးကို တချက်နမ်းရင်း မေပယ်ရွက်ကြွေလေးတွေ ပြည့်နေတဲ့ ကျောင်းလမ်းလေးကို ဖြေးဖြေးချင်း လျောက်လာတယ် ။ ဘတ်ဟျွန်းလေးတို့ရဲ့နောက်မှာ အာပါးရဲ့အတွင်းရေးမှူး ဦးလေးကြီးကင်မ် လိုက်ပါလာတယ် ။

လမ်းတဖက်တချက်မှာ မေပယ်ပင်လေးတွေ ပြည့်နေတဲ့ ကျောက်ခင်းလမ်း ကို ဘတ်ဟျွန်းလေး သဘောကျတယ်။အဆောက်အအုံကြီးတွေက သစ်လွင်မနေပါ။ ဒါတောင် သူတို့ရဲ့ မားမတ်တဲ့ အသွင်အပြင်တွေက ကျောင်းကြီးကို ထည်ဝါခန့်ညားနေစေတယ်။

WISH (S - 1) [Completed]حيث تعيش القصص. اكتشف الآن