လေးထောင့်ပုံကားကြီးရဲ့ အတွင်းထဲမှာ လူနှစ်ယောက်ရှိတယ် ။
ကားမောင်းနေတဲ့လူတစ်ယောက်ရယ်…
အဲ့ဒီလူကို ငေးစိုက်ကြည့်နေတဲ့ လူတစ်ယောက်ရယ်… ။……………………
သခင်ကြီးကို ဘတ်ဟျွန်း ငေးကြည့်နေမိတယ် ။
ကားကို တိတ်ဆိတ် အေးဆေးစွာမောင်းနှင်လာတဲ့ သခင်ကြီးက ဘတ်ဟျွန်းကို တစ်ခါနှစ်ခါတော့ လှည့်ကြည့်လာတယ် ။ လှည့်ကြည့်လာတိုင်းလည်း ဘတ်ဟျွန်း ညင်ညင်သာသာလေး ပြုံးပြမိတယ် ။
ဘတ်ဟျွန်း မှတ်မိသေးတယ် ။
သခင်ကြီး ဆိုတဲ့ သူ့ရဲ့အထက်တန်းနှစ်တွေတုန်းက သစ္စာဖောက်သွားတဲ့ သူငယ်ချင်းတယောက်အကြောင်း… ။ပိတ်ရက်တစ်ခုမှာ ဘတ်ဟျွန်းတို့အိမ်ကို သူ ခါတိုင်းလို အလည်လာတယ် ။ ခါတိုင်းဆိုရင် ဘတ်ဟျွန်းနဲ့အပြိုင် ဆော့ကစားနေတတ်တဲ့သူက ငြိမ်သက်နေတယ် ။ ရွှင်လန်းနေတတ်တဲ့ မျက်နှာက သိသိသာသာကြီးပျက်ယွင်းနေတာမို့ ဘာမှ မပြောတတ်တဲ့အာပါးတောင် စိတ်မကောင်းဖြစ်ရတဲ့အထိ… ။
*အဆင်ပြေပါတယ်ခဗျာ * လို့ပဲ ယဉ်ယဉ်ကျေးကျေးတုံ့ပြန်တဲ့ သူဟာ ဘတ်ဟျွန်းကိုတော့ တစ်ခုမကျန် ပြောပြလာတယ် ။
အဲ့တုန်းက… သူတို့အဖွဲ့ထဲက လူတစ်ယောက်ဟာ သူတို့ ဘတ်စကတ်ဘောအသင်းရဲ့ ဗျူ ဟာတွေကို တဖက်အသင်းဆီ ငွေနဲ့လဲကာ ဖောက်သည်ချခဲ့တယ် ။ သူတို့အသင်း ရှုံးခဲ့ရတယ် ။ သစ္စာဖောက်တဲ့လူက ဝန်မခံတဲ့ အပြင် ရိုင်းရိုင်းစိုင်းစိုင်းပါ တုံ့ပြန်ခဲ့တယ် ။ အသင်းရဲ့ ပြသနာတွေ အားလုံးက အသင်းကပ္ပတိန်ဖြစ်တဲ့ သူ့ခေါင်းပေါ် ပုံကျလာတယ် ။*ကိုကို ပင်ပန်းလို့ ……*
သူ ဘတ်ဟျွန်းရဲ့ ရင်အုံမှာ မျက်နှာအပ်လိုက်တယ် ။ ဘတ်ဟျွန်းရဲ့ ရင်ခွင်သေးသေးလေးက သူ့လက်တစ်ဝါးစာပဲ ရှိပေမယ့် သူ နေသာထိုင်သာရှိတယ် ထင်ပါရဲ့ ။ ဘတ်ဟျွန်းကို ပွေ့ဖက်ပြီး သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ် ။
ဘယ်လောက်ပဲ ဆော့ကစားနေပါစေ… ညနေစောင်းတာနဲ့ အိမ်တန်းပြန်တတ်တဲ့ သူဟာ အဲ့တညက ဘတ်ဟျွန်းရင်ခွင်မှာ မိုးလင်းသွားခဲ့တာ… ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel