Warning : adult contents
............
" ပတ်ချန်းယောလ် လား......... "
"ငယ်ငယ်လေး...... "
............
မိုးက ပိုပြီးသည်းလာတယ်။ ပင်လယ်ပြင်ဆီက လှိုင်းပုတ်သံတွေက ပိုပြီး ဆူညံလာတယ် ။ သဘာဝလောကကြီးရဲ့ ငိုညည်းသံတွေ ဆူညံလို့ ။
ဘတ်ဟျွန်းကို သူက ကြွေရုပ်လေးတစ်ရုပ်လို ညင်ညင်သာသာလေး ပွေ့ဖက်ထားတယ် ။ ကုတင်ခေါင်းရင်းကို ခပ်လျောလျောမှီထိုင်နေတဲ့သူ့ရင်ခွင်ထဲမှာ ဘတ်ဟျွန်း ငြိမ်သက်နေတယ်။
သူ့အင်္ကျီပွပွကြီးကို ဝတ်ဆင်ထားတဲ့ ဘတ်ဟျွန်းက ခင်ပွန်းရဲ့အင်္ကျီကိုဝတ်ဆင်ထားတဲ့ဇနီးလေးလိုပဲ။ အပေါ်ပိုင်းဗလာနဲ့တောင် သူ့ကိုယ်ကဘတ်ဟျွန်းကိုယ်လေးထက် အများကြီးပိုပြီး ပူနွေးနေတယ်။"အခု ဘယ်လို ဆက်လုပ်ကြမလဲ... "
အရောင်မတူတဲ့မျက်ဝန်းနှစ်စုံ ဆုံမိတယ်။ မျက်ဝန်းတွေထဲက အရိပ်တွေကို နားလည်သလောက် ပုံဖော်ကြတယ် ။ မျက်ဝန်းတွေထဲက နာကျင်ခြင်း ဝမ်းနည်းခြင်း ချစ်ခြင်း နဲ့တက်မက်ခြင်းတွေဟာ နှလုံးသားရဲ့ပုံရိပ်တွေလေလား ။
ဘတ်ဟျွန်းရဲ့နဖူးပေါ်က ဆံယဉ်လေးတွေကို သပ်ပေးရင်း သူ ပြုံးတယ်။" မင်းသဘောပဲလေ ကောင်လေး... "
နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေ ဆိုတာကို နှစ်ယောက်လုံး သိနေပြီးသား ။
ရွေးစရာက မသိချင်ယောင်ဆောင်ရင်း နာကျင်ကြမလား... အရာရာကို ရှင်းရှင်းလင်းလင်းသိပြီးမှ ပြိုကွဲကြမလား... ။"ခများသဘောအရ ဆိုရင်ကော... "
ဘတ်ဟျွန်းရဲ့ မေးခွန်းကိုကြားတော့ သူက နှုတ်ခမ်းကို ဟတယ်။ တခုခုပြောဖို့ ပြင်ပြီးမှ ပြန်စေ့ရင်း မျက်နှာလွဲသွားတယ်။ကုတင်ပေါ်ကထသွားတဲ့ သူ့အသက်ငွေ့ထဲမှာဝီစကီနံ့တွေ ရောပါနေတယ်။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel