အမှန်တရားကိုတော့ မျက်ရည်ဝိုင်းနေတဲ့ မျက်ဝန်းနက်လေးတွေကသာ သိပါလိမ့်မယ် ။
တကယ်တမ်း ရူးနေမိတာ ဘယ်သူပါလဲ … ။
………………
ခပ်သွက်သွက်မောင်းလာတဲ့ ကားလေးကို တောင်ခြေမှာ ရပ်ထားတဲ့ ရွှေအိုရောင် ကားကြီးရဲ့ အနောက်ဖက်မှာ ထိုးရပ်လိုက်တယ် ။
"သခင်ကြီး…… "
ရွှေအိုရောင်ကားကြီးရဲ့ အတွင်းထဲမှာများ ရှိလေမလားလို့ အပြေးအလွှားကြည့်မိတယ်။ လော့ခ်ချထားတဲ့ ကားကြီးရဲ့ အတွင်းမှာ ဘယ်သူမှ ရှိမနေ ။
ဘတ်ဟျွန်း ကျစ်ကနဲ စုတ်သပ်လိုက်မိတယ်။" အား …… ဒီအရူးလိုလူ နဲ့တော့…… "
ကားနောက်ဖုံးထဲမှာ ဆောင်ထားတဲ့ မီးအုပ်ဆောင်းတစ်ခုကို ဆွဲပြီး တောင်ကျရေတွေ စီးကျနေတဲ့ တောင်တက်လမ်းရှိရာဆီ ဘတ်ဟျွန်း ခပ်သုတ်သုတ်လျောက်ခဲ့တယ် ။ လည်ပင်းမှာ ငါးထောင့်ကြယ်ထွင်းထုထားတဲ့ ကြေးနီသား သံလိုက်အိမ်မြှောင်အဝိုင်းလေးကို ဆွဲကြိုးတစ်ခုလို ဆွဲလို့ ။
"သခင်ကြီး !! သခင်ကြီးရေ !!! "
မြေနီလမ်းမို့ကျလာတဲ့ရေတွေက နီနီရဲရဲ ။ ခြေလှမ်းတိုင်းက အရောင်နုနုအိမ်တွင်းစီးဖိနပ်လေးကို အဖတ်ဆည်မရအောင် ဖျက်ဆီးပစ်နေတယ် ဆိုတာကိုလည်း ဘတ်ဟျွန်း သတိမထားမိ ။ အုပ်မိုးထားတဲ့ သစ်ပင်တွေနဲ့ မှောင်မဲနေတဲ့ ကောင်းကင်ကြီးပေါ်က ခရမ်းနုရောင်လျှပ်စီးတန်းတွေကိုလည်း မကြောက်မိတော့ ။
ဘတ်ဟျွန်း စိတ်ထဲမှာ တွေးနေတာ တစ်ခုတည်းသာရှိတယ်။" ပတ် ချန်း ယောလ် !!!!!! "
ခြေထောက်မကောင်းတဲ့ ဒီလူဟာ ဘယ်နေရာမှာများ လဲပြိုနေလိမ့်မလဲ ။
"ပတ် ချန်း …! … အား…… "
သည်းသည်းမဲမဲ ရွာချနေတဲ့ မိုးရေထဲမှာမို့ကွေ့ကောက်တဲ့ လမ်းကလေးက ချောလွန်းနေတယ် ။
အလှမ်းမတော်တဲ့ ခြေတလှမ်းမှာ ဘတ်ဟျွန်းရဲ့ ကိုယ်လုံးလေးဟာ မြေသားမာမာနဲ့ ရိုက်မိတယ် ။ စူးအောင့်သွားတဲ့ ကိုယ်တခြမ်းကြောင့် ကိုယ့်ကိုကိုယ်ဖေးမပြီး ထရပ်ရတာ ပြသနာတစ်ခု ဖြစ်နေတယ်။
မတ်တပ်ရပ်လို့ရတာနဲ့ မီးအုပ်ဆောင်းဆီက အလင်းရောင်နဲ့ ဟိုဟိုသည်သည်ထိုးကာ တတ်နိုင်သလောက် အော်ဟစ်နေမိပြန်တယ်။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel