[Unicode]
- ညှိုးရက်တဲ့ မင်း သို့-............
လွန်ခဲ့သော ၁၄နှစ်... ။
" ဒယ်ဒီ ... ကျနော် Paedophilliaဖြစ်နေပြီထင်တယ် ... "
"ဖွီးး... အဟွတ် ဟွတ် ... ဘာ... ဘာကွ ...... "
သောက်လက်စ ကော်ဖီတွေဟာ ချန်းယောလ်ရဲ့ ဖခင်ကြီးမစ္စတာပတ်ခ် ရဲ့မျက်နှာရှေ့က သတင်းစာစက္ကူပေါ်မှာ ပျံ့ကျဲသွားတယ် ။ ဆိုဖာအိအိပေါ်မှာ ငုတ်တုတ်ကြီးထိုင်နေတဲ့ ၁၉နှစ်သား ချန်းယောလ်ဟာ လောကကြီးတခုလုံးကို ပခုံးပေါ်ထမ်းထားရသလို ငူငိုင်နေတုန်းပါပဲ ။
" ကျနော် ကလေးတယောက်ကို ချစ်မိသွားတယ် ... "
" မင်းက နဂိုကတည်းက ကလေးချစ်တတ်ပါတယ်... "
အသက်ရှူရပ်မတပ် ကော်ဖီသီးသွားရတဲ့ မစ္စတာပတ်ခ်ဟာ ကော်ဖီအစအနတွေကို တစ်ရှူးနဲ့လိုက်သုတ်ရင်း ခပ်အေးအေးပဲ ဖြေလာတယ် ။
" မဟုတ်ဘူးဗျာ...... ကျနော်ပြောတဲ့ ချစ်တယ် ဆိုတာ လက်ထပ်ချင်တဲ့အထိ ချစ်တာမျိုးကိုပြောတာ...... "
ချန်းယောလ်က သက်ပြင်း အရှည်ကြီးချပြီး ဆက်ပြောတယ် ။
" ကျနော် အဲ့လိုချစ်မိသွားတဲ့ကလေးက ၉နှစ်သားလေး ... "
မစ္စတာပတ်ခ်ရဲ့ မျက်ခုံးတွေပင့်တက်သွားတယ် ။ ချန်းယောလ်ကတော့ ငူငိုင်နေတုန်းပဲ ။ မစ္စတာပတ်ခ်က စားပွဲပေါ်တင်ထားတဲ့ လပ်တော့လေးကို ဆွဲယူပြီး စာတဖြောက်ဖြောက်ရိုက်တယ် ။ ပြီးတော့ ချန်းယောလ်မျက်နှာရှေ့ကို ထိုးပေးလာတယ် ။
" ရော့ ...... အသံထွက်ပြီး ကျယ်ကျယ်ဖတ်စမ်းကွာ... "
အခုမှ အထက်တန်းပြီးလို့ အမေရိကကို အခြေချလာတဲ့ ချန်းယောလ်အတွက်တော့ အင်္ဂလိပ်စာက အရမ်းကြီးမခက်သလို အရမ်းကြီးလည်းလွယ်ကူမနေပါ ။ ချန်းယောလ် မျက်ခုံးတွေကို ပင့်ပြီး စာလုံးတွေကို ဖြေးဖြေးမှန်မှန်ဖတ်လိုက်တယ် ။
Pedophilia, also spelled paedophilic disorder , a psychosexual disorder, generally affecting adults, characterized by sexual interest in prepubescent children or attempts to engage in sexual acts with prepubescent children.
ပီဒိုဖီးလီးယား သို့မဟုတ် ပီဒီုဖီးလစ် ဒစ်စ်အော်ဒါ ဆိုသည်မှာ များသောအားဖြင့် အရွယ်ရောက်ပြီးသူများအပေါ် သက်ရောက်လေ့ရှိသော လိင်စံလွဲအပြုအမူတစ်ခု ဖြစ်သည် ။ ထူးခြားသည့်လက္ခဏာမှာ အရွယ်မရောက်သေး အပျိုဖော်လူပျိုဖော်မဝင်သေး ကြီးကောင်မဝင်သေးသော ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုရှိခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာအပြုအမူများကို လုပ်ဆောင်ရန် ဆန္ဒရှိနေတတ်ခြင်း ဖြစ်သည် ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel