မထင်မှတ်ဘဲ ဘွားကနဲပေါ်လာတဲ့ ချောက်ကမ်းပါးကို ကြည့်ရင်း ဘတ်ဟျွန်း နှလုံးခုန်သံ မြန်လာတယ် ။
အမြင့်ကနေ ပြုတ်ကျသွားတဲ့ လူတယောက်က အော်ဟစ်နိုင်သလား…… ဒါမှမဟုတ် ငိုကျွေးနိုင်သလား…… ။
………………………
"ဟိုမှာ တွေ့လား…… အဲ့တာ Heaven…… "
မနက်ခင်းရဲ့ မှိန်ပြတဲ့ အလင်းရောင်အောက်မှာတောင် သခင်ကြီးရဲ့ Heaven စံအိမ်ကြီးဟာ ထည်ဝါခမ်းနားနေတယ်။ Heavenကို ဆီးမြင်ရတဲ့ မြင်ကွင်းအရ အခု ခြေချမိထားတာဟာ အိမ်အနောက်ဖက်ကမြင်နေရတဲ့ တောင်ကုန်းတွေပေါ်ကို ဆိုတာ ဘတ်ဟျွန်း သိလိုက်တယ် ။
နှစ်နာရီလောက် ကားမောင်းပြီး ဒီနေရာအထိပြန်လာလိမ့်မယ် လို့ ဘတ်ဟျွန်း မထင်ခဲ့တာတော့ အမှန်။" ဒီတောင်ကုန်းက သေးသေးလေး လို့ ထင်ရပေမယ့် Heaven ရှိနေတဲ့နေရာထက် ပေနှစ်ထောင်နီးပါး ပိုမြင့်တယ်…… "
သခင်ကြီးက ပြောရင်း ကမ်းပါးစွန်းကို တိုးကပ်သွားတယ်။ အနေအထားအရ သခင်ကြီးက ဘတ်ဟျွန်းရဲ့ ရှေ့မှာ ။ အခြေအနေက အဲ့ဒီနေ့ကလိုပါပဲလား…… ။
လက်ကို ဆန့်တန်းကာ သခင်ကြီးရဲ့ ကျောပြင်ဆီ လှမ်းလိုက်မိတယ် ။ဘတ်ဟျွန်းရဲ့ လက်တွေကို တချက်လှုပ်ရှားလိုက်တာနဲ့ သခင်ကြီးဟာ အဲ့ဒီနေ့ကလို … ။ဘတ်ဟျွန်း အသက်ရှူ မြန်လာတယ် ။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြောင့် လက်ဖျားလေးတွေမှာ စီးနေတဲ့ သွေးတွေရဲ့ တထိတ်ထိတ်ခုန်သံကိုတောင် ကြားနေရသလိုပဲ ။
လုပ်လေ… လုပ်လိုက်လေ ဘတ်ဟျွန်း… မင်း ဘာကြောင်နေတာလဲ…… ။
ဘတ်ဟျွန်း လေပူတွေကို မှုတ်ထုတ်လိုက်တယ် ။ ဘယ်လိုပဲ ရှေ့တိုးဖို့ အမိန့်ပေးပါစေ……ကိုယ်ခန္ဓာဟာ တချက်လေးတောင် ရှေ့မတိုးနိုင်ခဲ့… ။
"တောင်က အရမ်းမြင့်လွန်းတယ်…… "
ဘတ်ဟျွန်း ခပ်တိုးတိုးပြောရင်း ရှေ့ကိုတိုးပြီး သခင်ကြီးဘေးမှာ ရပ်လိုက်တယ်။
" ခများခြေထောက်နဲ့ ဆိုရင် အဆင်မပြေလောက်လို့…… "
ဘတ်ဟျွန်းရဲ့လက်က သခင်ကြီးရဲ့ လက်မောင်းတစ်ဖက်ကို ဆုတ်ကိုင်ပြီး အလိုအလျောက် ထိန်းထားပေးမိပြီးသား ။

YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel