[Unicode]
Theme Song on Media :
A Time for Us - Romeo & Juliet (Violin Version)
.....................
အတူတူရှိခဲ့တဲ့ အချိန်ကာလတွေဟာ မိုးရွာပြီးစကောင်းကင်ပေါ်က သက်တံ့လေးလိုပါပဲ ။
.........
လေးလ...... ။
ပန်းတွေ လှိုင်လှိုင်ပွင့်တဲ့ တောက်ပကြည်လင်သော မေလကို ရောက်ခဲ့ပြန်ပါတယ် ။
Heavean နဲ့ အန်တီဟာပါတို့ရွာ ခနုသ် ကြားက မြေနေရာလေးတစ်ခုမှာ ဖြစ်တယ် ။ အနက်ရောင်မီးတောင်ချော်မြေပေါ်မှာ တောက်ပထင်ရှားနေတဲ့ အပြာရောင်ပန်းခင်းကြီးရှိနေတယ် ။
သခင်ကြီးက ပန်းခင်းကြီးရဲ့အစပ်မှာ အနီရောင် ရန်ဂ်လာဂျစ်ကားရှေ့ဖုံးကို မှီကာ ရပ်ပြီး ကျန်မေခဲ့တယ် ။ ခရမ်းရောတဲ့အပြာရောင်*ပန်းခင်းကြီးထဲမှာ ဘတ်ဟျွန်း သဘောတကျ လျောက်သွားတယ် ။ သင်းပျံ့နေတဲ့ ပန်းနံ့ချိုအီအီလေးကို ရှူရှိုက်ရင်း ပြုံးမိတယ် ။
(*Violet - Blue )Lupinus nootkatensis ... အပြာရောင် နူထ်ကာလူပိုင်းန် ( Blue Nootka lupine) လို့ ခေါ်တဲ့ ပဲမျိုးရင်းဝင် ပန်းတမျိုးဖြစ်တယ်။
ခရမ်းရောတဲ့ အပြာရောင်ပွင့်ဖတ်လေးတစ်စုံနဲ့ လှပတဲ့ပန်းပွင့်လေးတွေဟာ မိုးကောင်းကင်ဆီ မျှော်ကြည့်နေသလို ရှည်လျားတည့်မတ်နေတဲ့ ပန်းခိုင်လေးတွေမှာ စုပြုံရစ်ခွေကာ ပွင့်ကြတယ်။ ပွင့်ချပ်တွေမှာ ချိုမြတဲ့ရနံ့ရှိတယ် ။ ပဲမျိုးနွယ်ဝင်မို့ စိမ်းဖန့်ဖန့်အသီးတောင့်လေးတွေရှိတတ်တယ် ။
ဒါပေါ့... အရောင်တောက်ပန်းပီပီ အဆိပ်ပျော့ရှိလို့ အသီးတောင့်လေးတွေကိုတော့ စားလို့မရပါဘူး ။အပြာရောင်နူထ်ကာတွေဟာ အေးစက်ကြမ်းတမ်းတဲ့ ရာသီဥတုကို ခံနိုင်ရည်ရှိတဲ့ နှစ်ရှည်ခံ အအေးပိုင်းပဲပန်းမျိုးဖြစ်တယ် ။ ပေါက်ရောက်ရာ ဇာတိက မြောက်အမေရိကတိုက်ရဲ့ထိပ်ဆုံးက အေးခဲနေတဲ့ ရေခဲတောင်ဒေသ အလက်စကာ(Alaska) ပါပဲ ။
အမေရိကန်စာရေးဆရာကြီး Jack Landon ရေးတဲ့ The Call of the Wild ** စာအုပ်ရဲ့ နောက်ခံဒေသဖြစ်တဲ့ အလက်စကာပေါ့ ။
( please check A.N )၁၉၇၀နှောင်းပိုင်းမှာမှ အိုက်စလန်ရဲ့ ဆာလ်ဖာ ကန့်ဓာတ် နဲ့ ဖော့စ်ဖောရက်စ် မီးစုန်းဓာတ် များလွန်းတဲ့ မီးတောင်ချော်မြေကို ပြုပြင်ဖို့အတွက် အလက်စကာက အပြာရောင်နူထ်ကာမျိုးနွယ်ကို ယူလာပြီး စိုက်ပျိုးခဲ့ကြတယ် ။
ပဲမျိုးနွယ်ဝင်အပင်တွေရဲ့ ထုံးစံအရ ပျက်စီးနေတဲ့ မြေဆီလွှာကို ပြင်နိုင်ခဲ့ပေမယ့် ပွားနှုန်းကလည်း အလွန်ကို မြန်လှတယ် ။ အိုက်စလန်ရဲ့ နိုင်ငံ့ကိုယ်စားပြုပန်း(National Flower) ဖြစ်သော ပွင့်ဖတ်ရှစ်ခုပါတဲ့ ဒါရိုင်းယက်စ် ( Dryas octapetala / Mountain Avens) ပန်းဖြူဖြူလေးတွေရဲ့ မြေနေရာကိုတောင် ယူလာကြတယ် ။
YOU ARE READING
WISH (S - 1) [Completed]
FanfictionFor Love , it's not strawberries and cream. Like roses with thorns, Love... is bittersweet. #adaptation of a novel