31 (z/u)

745 163 59
                                    

ဘတ်ဟျွန်း ကုတင်ပေါ်ကို အလောတကြီးထိုင်ချပြီး အထုတ်နီလေးကို လက်လှမ်းလိုက်တယ် ။
  ကျေးဇူးပြုပြီး ဒီအထုတ်ကလေးက ဘတ်ဟျွန်းလိုအပ်တဲ့အဖြေတစ်ခု ဖြစ်နေပါစေ။

………

ဒိုင်ယာရီစာအုပ်လေးရဲ့ စာမျက်နှာတွေထဲကို ဘတ်ဟျွန်တစိမ့်စိမ့် နစ်ဝင်သွားတယ် ။
စာအုပ်ကလေး စတင်တဲ့ ရက်စွဲက အာပါးနဲ့ကိုကြီး ရန်ဖြစ်ပြီး ကိုကြီး အိမ်ပေါ်ကဆင်းသွားတဲ့ အချိန်… ။

……………

"ဝူ…… ဘယ်လိုဖြစ်လာတာလဲ……   "

ဝူဟျွန်း ခေါင်းကို ခပ်လေးလေးယမ်းပြီး ချန်း နဲ့အကြည့်လွဲလိုက်တယ် ။ ချန်း က ဘာမှ ဆက်မမေးတော့ပဲ ဝူဟျွန်းရဲ့ အိတ်တွေကို ကားနောက်ခန်းထဲ တင်ပေးတယ်။

"မင်းက ငါ့ကိုတောင် မပြောပြချင်တော့ဘူးလား…"

ကားမောင်းရင်း မေးလာတဲ့ ချန်း ကို ဝူဟျွန်း ငေးကြည့်နေမိတယ်။ အင်္ကျီလက်အနားစတွေ ခေါက်တင်ထားတဲ့ပုံစံ… ဆံပင်ကို လှန်တင်ထားတဲ့ ပုံစံ… အားလုံးက ဝူဟျွန်းရဲ့ နှလုံးသားကို ခုန်ပေါက်စေတယ် ။
ချန်း အပေါ်ကို ဝူဟျွန်းရဲ့အတွေးတွေ မဖြူ စင်တော့တာ အလယ်တန်းလောက်ကတည်းက ပါပဲ ။ တုံးအချင်ယောင်ဆောင်နေတဲ့ ချန်းက ဝူဟျွန်းကို သူငယ်ချင်းတစ်ယောက်ထက် ပိုတဲ့ပုံ အခုထိမပြသေး… ။

"ဘာလဲကွ… ငေးလှချည်လား … ငါကြောက်လာပြီ…  "

ကားနောက်ခန်းက အိတ်တွေကိုဆွဲပြီး ချန်းထွက်သွားတဲ့ထိ ရယ်သံသြရှရှက ဝူဟျွန်းနားနားမှာ ရစ်ဝဲလို့ကျန်ခဲ့ဆဲ… ။

"ဝူ… ဒါ ငါ့ညီလေး ယူယောလ်…… ယူလေး… ဒါ ကိုကြီး သူငယ်ချင်း ဗြောင်ဝူဟျွန်း……  "

ချန်းရဲ့ညီလေး ယူယောလ်ကို ဝူဟျွန်း ကြားရုံသာ ကြားဖူးပြီး မမြင်ဖူးခဲ့ ။ ဝူဟျွန်းနဲ့ လက်ဆွဲနှုတ်ဆက်ကြတော့ ယူယောလ်က မျက်နှာလေးနီပြီး ခေါင်းငုံ့သွားတယ်။

"ယူလေးက ဆေးကျောင်းဝင်ခွင့် ဖြေထားတာလေ… ငါ့ညီလေး က သိပ်တော်တာ…  "

ချန်း ရဲ့ မျက်နှာပေါ်က အပြုံးကြီးကြီးတွေကို မြင်ရတော့ ဝူဟျွန်း လိုက်ပြုံးမိတယ်။
ချန်း… မင်း ကြောင့်ပဲ ငါ ပြုံးမိတာပါ ။

WISH (S - 1) [Completed]Where stories live. Discover now